Part 19

1.2K 74 4
                                    

Uni

" သားထယ်လေး ဖေဖေတို့ကို ကူညီပါအုံးကွာ "

" ဟင်ဖေဖေ ဘာဖြစ်လို့လဲဟင်"

ထယ်ယောင်း ရင်တွေတုန်မိသည်။ မေမေနဲ့ဖေဖေ ဘာမှ ဖြစ်လို့မရဘူးနော်။

" ဖေဖေ့ရဲ့ အင်္ကျီဆိုင်လေး.... အင်္ကျီဆိုင်လေး.."

ဖေဖေ့ရဲ့ အသံတွေဟာ တုန်ရီနေသည်။ ဖေဖေ့ရဲ့ အင်္ကျီဆိုင်လေးက ဘာ ဖြစ်သွားလို့လဲ ။

" ပြောပါဖေဖေ...သားရင်တွေတုန်လှပြီ "

" ဖေဖေ့ရဲ့ အင်္ကျီဆိုင်လေး က မီးလောင်ပြီး အရှုံးပေါ်သွားပြီ.... ပြီးတော့မင်းရဲ့မေမေကလည်း သူ့ရဲ့ တောင်ယာ တွေကို အစိုးရက သိမ်းလိုက်တယ်ဆိုပြီး အဲ့ စိတ်ကြောင် အိပ်ယာထဲ ဘုန်းဘုန်းလဲနေတယ် "

" ဗျာ.... "

မိသားစု အခြေအနေက သိပ်မကောင်းတာမို့လို့ ထယ်ယောင်းသည် ဒယ်ဂူးကိုပြန်ရဖို့က ၁၀၀ ရာခိုင်နှုန်း သေချာလေပြီ။

" သားပြန်လာခဲ့မယ် ဖေဖေ ၊ ဘာမှစိတ်မပူနဲ့နော် "

ထယ်ယောင်းသည် ဖေဖေ့ကို အားပေးစရားပြောပြီး အိမ်သာထဲမှ ထွက်ကာ ဥက္ကဋ္ဌ ရုံးခန်းထဲသို့ ဝင်သွားသည်။

သူ့မိဘတွေကို ဒုက္ခပေးနိုင်သူက သူမ အပြင်ဘယ်သူရှိနေအုံးမှာမို့လို့လဲ။

" ခင်များ လက်ချက်တွေမလား ဂျွန်ဂျင်ဆော "

ထယ်ယောင်းသည် ဖုန်းကို ကျစ်ကျစ်ပါသော လက်ကနေ စုတ်ကိုင်ပြီး သူ၏အရှေ့မှ အမျိုးသမီးကြီးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောလေသည်။ စိတ်တိုနေလို့ထင်ပါသည် မျက်လုံးတွေဟာလည်းရဲလို့။

" ဘာကိုပြောတာလဲ ကောင်ငယ်လေး "

အခုမှ မသိချင်ယောင်လာဆောင်နေသော ထိုအမျိုးသမီးကို ထယ်ယောင်းစိတ်ရှိ တိုင်းသာ ဒေါသတွေကို ဖွင့်ချလိုက်သည် သူမ အရမ်းပျော်သွားမှာ အသေအချာ ၊ သူမလိုချင်တာက ထယ်ယောင်းစိတ်တိုပြီး သူမကို ကိုယ်ထိလက်ရောက်လုပ်မှာကိုမလား။

" တောက်ခ် ကျုပ် အဖေနဲ့အမေကို ဒုက္ခ မပေးပါနဲ့ ကျုပ်ကိုသာ ပေးစမ်းပါ တောင်းပန်ပါတယ် "

Don't go away from me Where stories live. Discover now