Part 21

1.3K 79 1
                                    

Uni

ဆောင်းတွင်းဖြစ်နေတာတောင် မနက်ခင်းလေးဟာ အေးစက်စက်မနိုင်ဘဲ နွေးထွေးနေသည်ကြောင့် ထယ်ယောင်းသည် အလွန်ကို နှစ်သက်မိပါ၏။
သို့ပေမဲ့ မျက်လုံးများဖွင့်လိုက်သည့်အခါမှာတော့ သူဟာ ရင်ခွင်ကျယ်ကြီးတစ်ခုထဲသို့ ရောက်နေသည်ဆိုတာကိုသိလိုက်ရသည်။

" မောင်? "

ထယ်ယောင်းသည် အမြင်များမှားနေသလား ဆိုပြီး မျက်လုံးများကို အခါခါပွတ်သက်နေပေမဲ့လည်း တကယ်ကြီး လူ အကောင်လိုက်ကြီးက သူ့ နဘေးမှာ လာအိပ်နေတယ်ဆိုတာကို သိလိုက်ရသည်။

" ဘာလို့ မျက်လုံးကိုအဲ့လောက်ပွတ်နေတာလည်း ရဲသွားမယ်လေကွာ "

ထယ်ယောင်းရဲ့လက်လေးတွေကိုကိုင်ကာ ဖမ်းချုပ်လိုက်ပါသော ထိုလူ ။

" မောင် တကယ်ကြီးမောင်ပါနော် အီးဟီးး "

ထယ်ယောင်းသည် ရင်ခွင် အကျယ်ကြီးထဲသို့ဝင်ကာ ငိုရှိုက်လိုက်သည်။

" တကယ်ကြီးမောင်ပါဗျ "
ဂျောင်ဂုသည် သူ့ရင်ဘတ်ပေါ်သို့ရောက်နေသော ထယ်ယောင်းရဲ့လက်လေးကို ကိုင်ကာ မွှေးကြူလိုက်သည်။

" ဘယ်အချိန် ထဲက ရောက်နေတာလည်း "

" ညထဲက လေ ထယ် "

" ဖေဖေတို့က ပေးဝင်တယ်ပေါ့ "

" အင်းပေါ့ ကိုယ့်ယောက္ခထီးကြီးက သဘောကောင်းချက်ပဲ ၊ သူ့သားအခန်းထဲကိုတောင် ဝင်အိပ်ခိုင်းတယ် "

" ဖေဖေက တကယ်မကောင်းတာဘဲ "

ထယ်ယောင်းသည် ဆူပုတ်ကာ သူ့အဖေအား မကောင်းပြောနေသည်။
တကယ်တမ်းတော့ သူ့အဖေကို အလွန်ကိုကျေးဇူးတင်နေတာပါ ။

" ထယ်က မကြိုက်လို့လား "

" ဟင့်အင်း သိပ်ကြိုက်တာပေါ့ ၊ ဆန်တာ က ခရစ်စမတ် နေ့မှာ လက်ဆောင် အကြီးကြီးကို လာပေးသွားတာပဲ "

ဟုတ်ပါသည် ။ မနေ့တုန်းက ခရစ်စမတ်နေ့ပါ ။
အိမ်က မာမီနဲ့ ပြဿနာ ဖြစ်နေတာကြောင့် ဘယ်လတွေ ဘယ်ရက်တွေ ရောက်သွားမှန်းတောင် မသိတဲ့ ဂျောင်ဂု။
မထင်မှတ်ဘဲ ခရစ်စမတ်လက်ဆောင်ဖြစ်သွားသည့် ဂျောင်ဂုပါလေ။

Don't go away from me Where stories live. Discover now