Gyuricky -lovely kitty wife

925 88 4
                                    

ယွန်းဆောဟာတစ်ယောက် ဂယူဘင်းပြောတဲ့စကားတွေကို နားထောင်ပြီး ဒေါသထွက်လွန်းလို့ ကုမ္မဏီရဲ့ coffee ခန်းမှာ ဒေါသလာဖြေနေတာဖြစ်သည်။ သူမက စစတွေ့ထဲက ဂယူဘင်းကို သဘောကျခဲ့ရတာ ဖြစ်ပြီး သူမ သဘောကျတဲ့သူက ပိုင်ရှင်ရှိမှန်း သိလိုက်ရသည့် အခါတွင်လည်း လက်မလျှော့နိုင်ခဲ့၊ အဲ့ရှန်ရစ်ခီဆိုတဲ့
ယောင်္ကျားလေးတစ်‌ယောက်က သူမထက် ဘာတွေများ သာနိုင်မှာ မို့လို့ သူမဘက်ကို ပါလာအောင် မဆွဲဆောင်နိုင်ရ
မှာလဲ၊ ဂယူဘင်းက သူမအပိုင်ဖြစ်ကို
ဖြစ်လာစေရမည်ဟု ဆုံးဖြတ်ထားသည်။

အဲ့ ရှန်ရစ်ခီဆိုတဲ့ ဖြူစုတ်စုတ်တစ်ယောက်ကို ဆွပေးချင်လို့ အဖွဲမှူးကို
သူမနဲ့ ဂယူဘင်းကို အမြဲတမ်း တစ်ဖွဲ့တည်း အတူတူ ထားပေးဖို့ လာဘ်ထိုးခဲ့သည်။ ပရောဂျက်တိုင်းကိုလည်း အမြဲတမ်း အတူလုပ်ရအောင်ကြံစည်ခဲ့သည့်အပြင် အချိန်ပိုတွေပါ အတူဆင်းရအောင် ဖန်တီးပြီး နီးစပ်အောင် ဖန်တီးခဲ့တာပင်။အခုဆို ဂယူဘင်းနဲ့သူမက တစ်ဖြေးဖြေးရင်းနှီးလာကြပြီး အဲ့ရှန်ရစ်ခီကို ပထုတ်နိုင်ဖို့ နီးလာခဲ့ပြီဖြစ်သည်။
ဒါပေမဲ့လည်း အခုစကားတွေအရဆိုရင်
ဂယူဘင်းက အဲ့ဟာလေးကိုစိတ်မပြတ်သေးတဲ့ပုံမို့ သူမသောကရောက်နေရသည်။

"ဆောဟာရေ စကားပြောချင်လို့ ခဏလောက်"

" ဟုတ် အဖွဲ့မှူး "

အဖွဲ့မှူးက အရင်ထဲက ဟိုမိုအတွဲတွေကိုမုန်းတီးသူဖြစ်ပြီး သူမရဲ့ ဂယူဘင်းအပေါ်ထားတဲ့စိတ်ကို သိပြီးထဲက အဲ့အတွဲကို ခွဲဖို့ သူမကို ကူညီပေးခဲ့သူဖြစ်သည်။အခုလည်း ထပ်ပြီးဟိုဟာလေးကိုပထုတ်ဖို့ အကြံပေးဖို့ ခေါ်တာပဲဖြစ်မယ်။

" ဟိုကောင်လေး အိမ်ကဆင်းသွားပြီ"
"တကယ်ပဲလား အဖွဲ့မှူး၊ အဲ့တာဆို တကယ်ပဲသူတို့နှစ်ယောက် ကွဲကြတော့မှာလား"

"အေး ကွဲဖို့တော့ အတော်များနေပြီ၊ အဲ့တော့ နင်ကနင့်အပိုင်းကိုသာသေချာလုပ်၊ အဲ့ဒီဟိုမိုအတွဲတွေကိုရွံလွန်းအားကြီးလွန်းလို့ ငါကတော့ သည်းမခံနိုင်တော့ဘူး"

"စိတ်ချပါ အဖွဲ့မှူးရဲ့၊  ကျွန်မသေချာဆွဲဆောင်လိုက်ရင်ဂယူဘင်းကသေချာပေါက်ပါလာတော့မှာပါ၊ ကျွန်မလည်း အဲ့ဖြူစုတ်စုတ်ကောင်ကို ဂယူဘင်းနားမှာဆက်မြင်နေရတာ သည်းမခံနိုင်တော့ဘူး"

Zerobaseone One ShotsWhere stories live. Discover now