Gyuricky - lovely kitty wife

771 84 5
                                    

ရစ်ခီလေး အခု အရမ်းကို ၀မ်းနည်းနေပါသည်။အဲ့ သူ့ယောက်ကျားဆိုတဲ့
ကင်ဂယူဘင်းက ဘယ်လိုများ သူ့ကို အဲ့လိုပစ်ထုတ်လိုက်နိုင်ရတာလဲ၊ အစကတော့ သူမရှိရင်သေပါမယ်ဆိုပြီး အခုလည်းကျ ယွန်းဆောဟာဆိုတဲ့သူ့ရုံးက လူအရေခြုံမြေခွေးမ ပေါ်လာလို့ သူ့ကို ပစ်ရက်လိုက်နိုင်တာလား

အဲ့ယွန်းဆောဟာဆိုတဲ့မိန်းမကဂယူဘင်းကို အရင်ထဲက ချိန်နေတာသူသိသည်။
အဲ့ဟာမ ပလီပလာတွေပြောပြီး လိမ်နေလည်း ရစ်ခီရဲ့ ဆဌမအာရုံကို လိမ်လို့မရပါဘူး‌နော်၊ တက္ကသိုလ်နောက်ဆုံးနှစ်မှာ
ဂယူဘင်းက အလုပ်စ၀င်တော့ သူနဲ့ရစ်ခီ
ကညားခါစ၊ ညားခါစလေးတွေဆိုတော့
ခဏလေးတောင် ခွဲမနေနိုင်တာမို့
ဂယူဘင်းတို့ ရုံးကလုပ်တဲ့ လူသစ်ကြိုဆို
တဲ့စားသောက်ပွဲကို လိုက်သွားမိရာက
ဇာတ်လမ်းစသည်

အဲ့ယွန်းဆောဟာက ဂယူဘင်းနဲ့အတူအလုပ်၀င်တဲ့အလုပ်သင်ဖြစ်ပီး စစချင်းထဲကိုက ဂယူဘင်းကို မျက်စိကျပြီး အထာတွေဇွတ်ပေးနေတာ ဖြစ်သည်။
ဒါကိုသကောင့်သားကမသိ၊
စာပဲသိတဲ့ စာအုပ်ကြီးက အရိပ်အကဲ
မဖမ်းတက်လွန်းတော့ ဒီက
သူ့ယောက်ကျားကပဲ ဒါက အစထဲကငါ့အပိုင်၊ လာမထိနဲ့ဆိုပြီး မဏ္ဏပ်တိုင် တက်ပြလိုက်တော့မှ ငြိမ်သွားတာဖြစ်သည်။
ဒါပေမဲ့လည်း အဲ့အချိန်ကစပြီး ယွန်းဆောဟာနဲ့ သူ့ကြားက စစ်အေးတိုက်ပွဲ
စတင်ခဲ့သည်။ စစချင်းတုနိးကတော့ မောင်က သူ့ကိုပဲချစ်တာ၊ သူ့အပိုင်ဆိုပြီး
ယုံကြည်ချက်တွေ ရှိခဲ့ပေမယ့် အခုနောက်ပိုင်းကျ မောင်ကပါ ယွန်းဆောဟာဘက်ကို ပါလာပြီး သူ့ကို ပစ်ပစ်ခါခါ
တွေပြောလာသည်မို့ တကယ်ကို နာကျင်
ရပါသည်။

သူ့မှာ တရုတ်ကနေ ဒီကို ကျန်းဟောက်ကောနဲ့ အတူ ပြောင်းလာပီးတည်းက
အားကိုးစရာ လူရယ်ဆိုလို့
ဟောက်ကောရယ် ဟောက်ကော
ယောင်္ကျားဟန်ဘင်းဟျောင်းကိုဖယ်ပီး
ရင် ဂင်ဂယူဘင်းပဲရှိတာဖြစ်သည်၊ အခု
တော့ သူ့ယောက်ကျားက သူ့ကိုနှင်ချလိုက်ပြီး မပေါင်းတော့ဘူးဆိုတော့
ဘယ်သွားနေရပါ့၊ မြောင်ခီလေး သူ့မျက်ရည်လေးတွေကို သုတ်လိုက်ပြီး
ဟောက်ကော ကိုသာဖုန်းခေါ်လိုက်သည်
သူ့အကိုကပဲ အခုချိန်မှာ မြောင်ပေါက်လေးကို နှစ်သိမ့်ပေးနိုင်မှာလေ

Zerobaseone One ShotsWhere stories live. Discover now