Gyuricky - Lovely kitty wife

1K 77 2
                                    

"ကွာမယ် အခု ကွာမယ်၊ ကင်ဂယူဘင်း
မင်းကို ထပ်ပြီး မပေါင်းနိုင်တော့ဘူး"

"အေး၊ ကွာလေ၊ ကွာ
ငါကရော မင်းကိုအရမ်းပေါင်းချင်နေတယ်များထင်နေလား၊ အခုကွာမယ်"

ရစ်ခီလေးခမျာ သူ့လင်တော်မောင်ရဲ့
စကားလုံး ကြမ်းကြမ်းကြီးတွေကြောင့်
နဂိုစိတ်တိုနေရာကနေ ပို၀မ်းနည်းသွားရပြီး မျက်ရည်ဥလေးများပင်ကျဆင်းလာရသည်။ အဲ့ဂင်ဂယူဘင်းဆိုတဲ့ကောင်
မရခင်တုန်းကတော့ ကိုယ်က အားရှန်
လေးကိုမှ မရရင် သေတော့မှာ ဘာညာ
ဆိုပြီး ဒရာမာတွေ ခင်းပြခဲ့ပြီး အခု
၃နှစ်လောက်လဲ ပေါင်းပြီးသွားရော အခုလို အော်ကြီးဟစ်ကျယ်တွေတောင် ပြောလာပြီ၊ ပြီးတော့ မပေါင်းနိုင်တော့ဘူးတဲ့
ဟမ့် ရတယ်လေ ရစ်ခီရှန်တဲ့ တစ်ရှန်ပဲ
ရှိတယ် မပေါင်းချင်တဲ့သူကို ခယပြီး
ပေါင်းမနေတော့ဘူး အခုဆင်းမယ်

"ကင်ဂယူဘင်း ငါအခု ကွာရှင်းစာချုပ်
မှာလက်မှတ်ထိုးပေးခဲ့မယ်၊ မင်းနဲ့ငါ အခုကစပြီး ဘာမှ မသက်ဆိုင်တော့ဘူးဆိုတာ သိထားလိုက်တော့"

ပြောပြောဆိုဆိုနဲ့ပင် အထုပ်ကြီးဆွဲပြီး
ဆင်းသွားတဲ့ သူ့ယောင်္ကျားလေးရစ်ခီရှန်
ကို မြင်သော်လည်း ဂယူဘင်း လိုက်မဆွဲမိ၊ ဟုတ်တယ်လေ အဲ့ကြောင်ပေါက်ကို
ဒီတစ်ခါတော့ အတည်ပညာပေးမှ ရတော့မှာ၊ ဂယူဘင်းနဲ့ သူ့ရဲ့ သူငယ်ချင်း
ကောင်မလေးကို အမြဲတမ်းအထင်တွေလွဲပြီး စွပ်စွဲနေတာ ဂယူဘင်းကပင်
မိန်းကလေးဘက်ကို အားနာလာရသည်။
ဒီ‌နေ့လည်း အလုပိကိစ္စနဲ့ ထိုမိန်းကလေး
နဲ့ သူနဲ့ အလုပ်ခရီးအတူသွားရမယ်ဆိုတာကို ပြောလိုက်ပြီး ထိုကြောင်ပေါက်က ထသောင်းကျန်းတာဖြစ်သည်။
ဟိုမိန်းကလေးကို ဖုန်းတွေပါဆက်ပြီး
နစ်နစ်နာနာတွေ ပြောဆိုနေသည်မို့
ဂယူဘင်းက ဖုန်းကိုဆွဲလုပြီး တားတာကို
'မင်းက မင်းဟာမမို့ အဲ့လောက်အထိမခံဖြစ်နေတာလား'ဆိုပြီး ထပ်သောင်းကျန်း
လာတာမို့ ရန်ပွဲက ပိုဆိုးသွားပြီး အခုလို
ကွဲမယ် ကွာမယ်တွေ ဖြစ်ကုန်ခြင်းပင်

ဟူးးး ခနဲ သက်ပြင်းရှည်ကြီးကို မှုတ်ချလိုက်ပီး စားပွဲပေါ်က သူ့ ကြောင်ပေါက်လေး ဒေါသတကြီး ပစ်တင်ထားခဲ့တဲ့
ကွာရှငိးစာချုပ်လေးကို ယူကြည့်မိသည်။ ဟက် ရယ်တော့ရယ်ရသား
ဒီလို ပြသာနာတွေ ဖြစ်နေပေမယ့်
သူတို့အတွဲက တစ်ချိန်က တက္ကသိုလ်မှာ
နာမည်အကြီး‌ဆုံး campus couple
ဖြစ်ခဲ့တာ၊ တရုတ်က ပြောင်းလာတဲ့
အလှလေး ရစ်ခီရှနိ ရှနိချွမ်ရွေ့ဆိုတာ
သူတို့ကျောင်းမှာ မေဂျာစုံ နာမည်ကြီးတဲ့
အလှလေး ဖြစ်သည်..

"ဟေ့ကောင် မင်းကြားပြီးပြီလား"

"ဘာကိုလဲ ဂွမ်ဂျွန်ဟျွန်း ငါစာလုပ်နေတာ မတွေ့ဘူးလား"

"ကျစ် မင်းအဲ့လိုစာပဲကျပ်ကျပ်လုပ်
တရုတ်ကလာတဲ့ အလှလေး ရစ်ခီဆိုတာလေ၊ အရမ်းနာမည်ကြီးနေတာ၊
ယောင်္ကျားလေးဖြစ်ပေမယ့် ဖြူနုဥဖက်
နေတာ မိန်းကလေးရှုံးတယ်တဲ့‌နော်"

အဲ့လိုစကားတွေခဏခဏကြားရပေမယ့်
ဂယူဘင်း စိတ်မ၀င်စားမိသေးပါ၊
သူကိုယ်တိုင်ကလည်း အိမ်ရဲ့သားကြီး‌မို့
စာပဲလုပ်ပီး အိမ်ကိုဂုဏ်ယူရအောင်
လုပ်ပေးချင်တာပဲသိခဲ့တာမို့ ဘာမှ စိတ်မ၀င်စားခဲ့တာ၊ ဒါပေမဲ့ တစ်ရက်မှာ
ကျောင်း၀န်းထဲမှာ ၀င်တိုက်မိခဲ့ပြီး
သူ့အကျီအဖြူပေါ်ကို စတော်‌ဘယ်ရီနို့
တွေမှောက်ကျသွားခဲ့တဲ့ ကြောင်ဖြူလေး
ကိုတွေ့ရလိမ့်မယ်လို့တော့ ဘယ်ထင်ခဲ့မလဲ
  
ဂယူဘင်းရဲ့ ဦးနှောက်က ဆဲလ်တွေကအလုပ်လုပ်တာရပ်သွားပြီး နှလုံးသား
ကမရပ်မနားခုနိနေတာကိုပဲကြားနေရသည်။ တွေ့တွေ့ချငိးမှာပဲ အကြွေကြီး
ကြွေကျသွားခဲ့တဲ့ ဂယူဘင်းက ထိုအလှလေးကို တစ်နှစ်တိတိလိုက်ခဲ့ရပြီး
အရမ်းချစ်ရတာကြောင့် အဖြေပြန်ရပြီး
မကြာခင်မှာပဲ လက်ထပ်ခွင့်တောင်းခဲ့ပြီး
လက်ထပ်ထားခဲ့တာ ဖြစ်သည်။

တကယ်ပဲ သူ့ကြောင်ပေါက်လေးက
အရင်က တအားလိမ္မာခဲ့တာပါ ၊ အခုကျမှ ဘာလို့ ဆိုးနေရတာလဲ

ကဲ ဒီနေ့ကတော့ တစ်၀က်ပဲတင်ပေးထားပါဦးမယ်၊ ဒါနဲ ကြောင်ပေါက်လေး ဘာလို့ဆိုးနေရတယ်လို့ ထင်ကြလဲ😌




Zerobaseone One ShotsWhere stories live. Discover now