Gyujin- Macaron Kiss

1.6K 68 3
                                    

ကင်ဂယူဘင်းတစ်ယောက် သူ့အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်မှာ တစ်နာရီလောက်ပင်ရှိနေပြီ။
အခန်းလေးထဲမှာ ဟိုဘက်လျှောက်လိုက်
ဒီဘက်လျှောက်လိုက် မျက်နှာကြီးနီရဲပြီး
ထအော်လိုက်နဲ့ အိမ်က အမေကပင် အခန်းတံခါးကြီး ဖွင့်ပြီး လာဆူသွားသေးသည်။

"ကင်ဂယူဘင်း နင်ဘာဖြစ်နေတာလဲ
မကြီးမငယ်နဲ့ နင့်ကိုယ်လုံးကြီးမှ အားမနာ အခန်းထဲမှာ ခုန်နေတာ အောက်ထပ် အခန်းတွေကို အားနာစရာဟဲ့၊ ငါမွေးထားတာ သားချောချောလေးပါဟယ်၊ အရွယ်ရောက်လာတော့မှ ဘယ်နှယ့် မျောက်ဖြစ်သွားရတာတုန်း"

အမေဆူသည်ကိုလည်း ဂယူဘင်းမှာ
ဘာမှ ပြန်မပြောနိုင်၊ သူ့အတွေးတွေက လွန်ခဲ့တဲ့ တစ်နာရီကျော်လောက်က
ကျောင်းရှေ့က ကော်ဖီဆိုင်လေးမှာ ဖြစ်ခဲ့တဲ့ ကိစွကိုပဲ ပြန်တွေးနေမိသည်။

ဒါတွေအကုန်လုံး သူ့ကလေးလေး
ချန်ချန်ကြောင့်

ချန်ချန်လေးကအရမ်းလှနေလို့ သူအဲ့လိုတွေ လုပ်မိသွားခဲ့ရတာ

လွန်ခဲ့သော နှစ်နာရီခန့်အချိန်
Ludia Cafe

"ဟာ ဂယူဘင်း ရောက်လာပြန်ပြီလား"

"ဟန်ဘင်းဟျောင်းကလည်း ကျွန်တော့်သားလေး ချန်ချန်ကို ကျောင်းကြိုဖို့လာတာပါ‌နော်၊ စားနေကျအတိုင်းပဲ Americanoနဲ့ Hot Chocolateတစ်ခွက်ပေး၊ ပြီးတော့ Macaron
အစုံနဲ့ cheese cakeရော "

"အေးပါကွာ၊ မင်းနေ့တိုင်း ဒီလောက်အဝေးကြီး လာလာကြိုနေရတာ မပင်ပန်းဘူးလား၊ ယူဂျင်းရဲ့ အဖေရင်း တောင် မင်းလောက်မကဲဘူး"

"ဟ တူမလားဗျ၊ ကျွန်တော့သားလေး ချန်ချန်လေးက အဲ့လောက်လှ အဲ့လောက်ချစ်စရာကောင်းနေတာ လုံး၀ စိတ်မချနိုင်ပါဘူး‌နော်၊ ကျွန်တော်က သူ့အုပ်ထိန်းသူမို့ ဘယ်သွားသွား ကျွနိတော်ပါမှ ဖြစ်မယ်"

ဟန်ဘင်းဟျောင်းကတော့ မနိုင်ဟန်ဖြင့်သာ ရယ်ရင်းလုပ်စရာရှိတာ ဆက်လုပ်နေသည်၊ပြောလည်း ပြောချင်စရာ ဂယူဘင်းက သူ၁၇နှစ်အရွယ်မှာ တွေ့ခဲ့သည့်
၁၄နှစ်သား ဟန်ယူဂျင်းလေးကို စတွေ့တဲ့အချိန်ကနေစပြီး တစ်ဘ၀လုံး စောင့်ရှောက်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးသား
ခေါက်ဆွဲအေးမနယ်နိုင်တဲ့ကလေးလေးကို နယ်ပေးခဲ့တဲ့အပြင် ခွံ့ပါကျွေးခဲ့တာမို့
ကလေးလေးကလည်း သူ့ကို ကိုကိုလို့ ခေါ်ပြီး နှစ်‌ယောက်သား အရမ်းအဆင်ပြေသွားခဲ့သည်။

Zerobaseone One ShotsWhere stories live. Discover now