"မမ "
"ရှင့် "
"အဲ့တာ ဘာလုပ်နေတာလဲ "
ထုံးစံအတိုင်း မိမိဟင်းချက်နေတာကို
သိရက်နဲ့ ခါးဖက်ကာ လာမေးနေသူကြောင့် အမရာမှာလက်ထဲတွင် ဟင်းမွှေယောင်းမအား ကိုင်
ဖြင့်ဒီလိုသာ အသံအေးအေးလေးနဲ့ ဆိုပြလိုက်သည်။"မောင်ပြန်လာရင် အဆင်သင့်ကျွေးဖို့
ရယ် ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာ များလှပါတယ်.........🎼""ဘာသီချင်းကြီးလဲ...မမရာ ကြည့်စမ်း
ပါဦး အဖွားလေး ကြနေတာပဲ"မိမိပါးနှစ်ဖက်အား လိမ်ဆွဲလို့ အ သည်းယားသလို ပြောလာသူကြောင့် အမရာ
မှာ မျက်စောင်းဝေ့ဝေ့လေး ထိုးလို့သာဖြင့်...."မောင်နော်...မမကို ဘာအဖွားလေးလဲ
မောင်ကမှ အဖွားကြီး...မမကိုဆို မရိုမသေနဲ့ သွား
အလုပ်သွားဖို့ ပြင်တော့ "အမရာမှာ ထိုသို့ပြောလိုက်လေတော့
မြတ်နိုးမောင်တစ်ယောက် အမရာ့ရင်ခွင်ထဲဝင်
တိုးလို့ ကလေးတစ်ယောက်လို ချွဲလိုက်ပါ၏။"မသွားချင်ဘူးကွာ...မောင်အလုပ်မသွားချင်ဘူး မောင့် မိန်းမနားမှာပဲ မောင်ကနေချင်တာပါဆို "
မနက်လင်းလင်းချင်း မြတ်နိုးမောင်တို့ ထိုသို့ချွဲပြပြန်တော့ အမရာမှာ မိမိရင်ခွင်ထဲတွင်
ချွဲပြနေသူအား ဆွဲထုတ်လို့ ခါးတစ်ဖက်အား ထောက်လိုက်တော့၏။"မောင်လို့...သွားကွာ မမဟင်းချက်ရဦးမယ် "
"ချက်ပေါ့...မောင်က ထိုင်ကြည့်နေမယ် လေ"
မြတ်နိုးမောင်မှာ ထိုသို့ခပ်ဆိုးဆိုး ဆိုရင်း အမရာနှင့်မျက်နှာချင်းဆိုင်ရှိ စားပွဲတွင် ဝင်လို့ ထိုင်လိုက်ပါ၏။
ထို့ကြောင့် လူဆိုးမလေး မြတ်နိုးမောင်အား အမရာမှာ မျက်စောင်းသာ ထိုးလိုက်
တော့သည်။
"မောင်နော်...အလုပ်မသွားချင်တာနဲ့ လာချွဲမနေနဲ့...ပြောစမ်း မောင်ရုံးမှာ ဘာတွေခြေ
ရှုပ်ထားလို့လဲ "