အမရာနဲ့, မြတ်နိုးမောင်

1.3K 15 0
                                    

               
           မောင့်ရဲ့နာမည်က မြတ်နိုးမောင်တဲ့။

           မောင်က သူ့ကိုသူ မိန်းကလေးလိုသုံးရတာ သိပ်မကြိုက်ဘူးလေ ဒါကြောင့် မ"ကိုအမြဲတမ်း
မောင်လို့ သုံးနှုန်းခိုင်းတယ်။

            မနဲ့မောင်က အသက်အရွယ်၆နှစ်ကွာကြပါတယ်။အသက်အရွယ် ၆နှစ်ကွာတယ်ဆိုတဲ့အတိုင်း
ပဲ မောင်ကသိပ်ကိုကလေးဆန်တယ်။

            အဆိုးဆုံးကတော့ မောင်ကရီးစားများတာပဲ။မောင့်မှာ မလိုရီးစားတွေအများကြီးရှိတယ်လေ။
ဒါမဲ့လည်း မက မောင့်ကိုချစ်နေမိတာပါပဲ။

            တစ်နေ့က မောင်ကမကို လိုင်းပေါ်မှာချိန်းတယ်။တစ်ကယ်တော့ မနဲ့မောင်က လိုင်းပေါ်မှာအ
ရင်ရီးစားဖြစ်ခဲ့ကြတာပါ။

           မောင်ဘယ်သူလဲ?  ဘယ်ကလဲဆိုတာ ?
မ"မသိပါဘူး။မောင်ကလဲ မ "မေးရင်မကြိုက်ဘူးလေ။အဲ့တာကြောင့်ပဲ မောင့်ကို မ"မမေးဖြစ်သေးတဲ့အ ကြောင်းတွေမှ အများကြီးပါပဲ။

                 တစ်နေ့ကတော့ မနဲ့မောင်ရဲ့ First Dateအဖြစ် မောင်က မကိုချိန်းလာခဲ့တယ်။
တွေ့ရအောင်တဲ့။မ" မငြင်းခဲ့ဘူး။မက မောင့်
ကိုတွေ့ချင်နေခဲ့တာကိုး။မောင့်ပုံစံဘယ်လို
ရှိမယ်။မောင့်သဘောထား ဘယ်လိုရှိမယ်ဆို
တာကို မကလည်းအရမ်းသိချင်နေခဲ့တာလေ။

            ဒါကြောင့် မောင်တောင်းဆိုတာကို မ"ကချက်ခြင်းပဲလက်ခံလိုက်တယ်။ဒီလိုလက်ခံလို့ မိန်း
မသိက္ခာကျတယ်လို့လည်းပြောရအောင် မောင်
ကလည်း မ"လိုမိန်းမတစ်ယောက်ပဲဆိုတာ မ"အ
သိဆုံးပဲလေ။ဒါကြောင့် မ"အတွက်စျေးကျစရာမ
ရှိပါဘူး။

            မောင်က မ"လို အလှအပမကြိုက်တာနဲ့
မိန်းမ မဆန်တာလေး တစ်ခုပဲရှိတာပါ။
    
              မကတော့ မောင့်ပုံစံကို စိတ်ကူးထဲမှာ အများကြီးပုံဖော်ခဲ့ပြီးသားပါ။မောင့်အရပ်က
၅'၅ နဲ့မောင်ပေါင်ချိန်က ၁၂၀ မောင်က အသား
ဖြူဖြူနဲ့ ချောမယ်ဆိုတာ မ"ခန့်မှန်းမိပါတယ်။ဒီ
အချက်တွေကလွဲရင် မောင့်ပုံစံ ဘယ်လိုရှိမယ်
ဆိုတာ မ"တစ်ကယ်မသိပါဘူး။မောင်ကလည်း
မ"ကို ဒီထက်အများကြီး ပိုပြီးတော့ပြောမပြပါ
ဘူး။

မမ 💞MaungWhere stories live. Discover now