အပိုင်း(၁)

728 17 0
                                    

အမရာ ကိန္ဒရီ မဒီ သမ္ဗူလတဲ့ တော်လေး
ဝဝင်သော...မိန်းမသားတွေထဲ ငါမပါခဲ့ဘူး မောင်။

ဘာလို့ဆို...မောင်ဆိုတဲ့ မိန်းမကိုမှ..ငါချစ်မိ
နေလို့ပါ...။

***

"အမရာတစ်ယောက် ခိုးရာလိုက်သွားပြီတဲ့"

"မိန်းမချင်းချင်း ခိုးပြေးတာ ရှက်စရာကောင်းလိုက်တာဟယ် ဘုရားမကြိုက် နတ်မကြိုက် "

"ဟုတ်ပါ့အေ ဒီလောက်မိဘတွေက သဘောမတူပါဘူးပြောထားတာကို မိအမရာတို့
ကမြင်းချက်က လူကြားမကောင်းပါဘူးအေ "

ထင်သည့်အတိုင်း ပတ်ဝန်းကျင်ရှိ လူတို့ရဲ့ ကဲ့ရဲ့သံဟာ အမရာတို့အိမ်လေးရဲ့ ပျော်ရွှင်မှုကို
စိတ်သုန်းသွားစေ၏။အမရာတစ်ယောက် လိုင်းပေါ်
က ကြိုက်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ခိုးရာလိုက်ပြေးသွားပြီဆိုတဲ့သတင်းဟာ တစ်ရပ်ကွက်
လုံးလည်း ပျံ့နှံ့သွားခဲ့ပြီမို့ ဖခင်ဖြစ်ဦးအောင်ကြီး
တစ်ယောက် ရှက်စိတ်၊သိမ်ငယ်စိတ်တို့နဲ့အတူ
ဒေါ သမီးတို့ တောက်လျှက်ရှိသလို မိခင်ဖြစ်သူ ဒေါ်ရင်သွေးခင်မျာလည်း အိပ်ယာထဲဘုန်းဘုန်းလဲလို့ ကျန်းမာရေးမှာ ဆိုးရိမ်ရသည့်အခြေအနေဆီ ရောက်လုဆဲဆဲဖြစ်၏။

ဒီသတင်းက အမရာခိုးရာလိုက်ပြေးပြီးနောက် အမရာ့ Fb အကောင့်မှာ တင်ထားသည့်
Rsပို့စ်ကြောင့် တစ်ရပ်ကွက်လုံး ဟိုးလေးကျော်
အောင်သိသွားခြင်းဖြစ်၏။

ဦးအောင်ကြီးကတော့ သမီးဖြစ်သူ အမရာအား အမွေဖြတ်ကာ ဓားကြိမ်းကြိမ်းထား
သလို ဇနီးဖြစ်သူ ဒေါ်ရင်သွေးခင်မျာလည်း သမီးဇော လင်ဇောဖြင့် အိပ်ယာထဲဝယ် စိတ်ကျကာ ဘုန်းဘုန်းလဲရှာတော့၏။

ဤသို့ဖြင့်တစ်ပတ်ပြည့်သောနေ့မှာ အမရာ့အား ရပ်ရွာလူကြီးအစုံအလင်ဖြင့် တစ်ဖက်
မိဘမှပြန်လာအပ်ပေးရှာ၏။အစက ဖခင်ဖြစ်သူ
ဦးအောင်ကြီးမှာ လက်မခံ။အိမ်နံရံထက်မှ ဓားအားဆွဲယူလို့ ဓားကြိမ်းကြိမ်းကာ မောင်းထုတ်လေ၏။
ဇနီးဖြစ်သူ ဒေါ်ရင်သွေး ဝင်ဆွဲကာမှ သေကောင်
ပေါင်းလဲ ဇနီးဖြစ်သူအား ငဲ့ငြာ၍ ဦးအောင်ကြီး
လက်ခံတော့၏။

မမ 💞MaungWhere stories live. Discover now