Part 1

7K 234 6
                                    

Uni

အမိနိုင်ငံ ကိုခြေ ချလျင်ချခြင်းမှာဘဲ
မစိမ်းသက်သော လေထုက ဆီးလို့ကြိုနေသည်။

ကင်မ်ထယ်ယောင်းသည် အကြောင်းတစ်စုံတစ်ခုကြောင့်နဲ့ UK မှာသွားနေရသည် နှစ်နဲ့ချီ ကြာရှည်နေပြီ ဖြစ်သည်။
ယခုမှ ပြန်ရောက်တာဖြစ်သည်။
ပြန်ရောက်ရောက်ချင်း သူငယ်ချင်း ဖြစ်သူ ဝူရှစ်က လာကြို ပေးသည်။

" ထယ်ထယ် ရားးး အများကြီးလွမ်းနေခဲ့တာ မင်းကို "

" အတူတူပါပဲ ဝူရှစ် ရားး"
သူငယ်ချင်းဖြစ်သူ ချွဲဝူရှစ်က ထယ်ယောင်းကို မြင်မြင်ချင်းပြေးဖက်သည်။

" ဟိုမှာ အဆင်ပြေခဲ့ရဲ့လား ထယ်ထယ် ၊ အများကြီး ပြောင်းလဲ သွားလိုက်တာ "

ကားပေါ်ရောက်တော့ ဝူရှစ်က ကားစက်ကို နှိုးလျှင် နှိုးချင်း ထယ်ယောင်းကို မေးခွန်းများ စမေးတော့သည်။ ထယ်ယောင်းသည်လည်း ဝူရှစ် ​မေး သမျှကို တစ်ခုမကျန် ပြန်ဖြေ နေရတော့သည်။

" ထယ်ယောင်း မင်းအရင် တိုက်ခန်းကိုဘဲ ပြန်မှာမလား "

အရင်တိုက်ခန်းလား။ အင်းးငါသွားလိုက်ရင်ကောင်းမလား ၊ သူနဲ့အမှတ်တရတွေအများကြီးကျန်နေခဲ့တာ ဒီတိုက်ခန်းလေးဆီကိုလေ ။

ထယ်ယောင်းအနည်းငယ် မှိုင်ကျသွားတာကို ဝူရှစ်က သတိထားမိသွားတော့။

" အာ ထယ်ယောင်း မေ့နေတာ ၊ မင်းရဲ့ ကုမ္မဏီ က မင်းပြန်လာရင် နေဖို့ဆိုပြီး တိုက်ခန်း တစ်လုံး ပေးထားသေးတယ် ၊ အဲ့ဒီ့ကိုသွားမလား "

" ဟင့်အင်း အရင်တိုက်ခန်းလေးဆီပဲ သွားချင်တယ်"

ထယ်ယောင်း ဘာကိုမှ မစဥ်းစားနိုင်တော့ချေ၊
အမှတ်တရ များစွာရှိသည့် ထိုတိုက်ခန်းလေးဆီပဲ ပြန်သွားချင်တယ်။ ကျွန်တော်ဟာ နောက်ထက် အမှတ် မရှိပါဘဲ မောင့် အနားမှာဘဲ တွက်ကပ် နေချင်မိပါရဲ့ ။  မောင် နဲ့ အမှတ်တရ များစွာ အတူတူ ထားရှိခဲ့သည့် ထိုတိုက်ခန်းလေးကိုပဲ ကျွန်တော်ဟာ သံယောဇဥ်တွေ တွယ်တာ မိနေပါရဲ့။

........

ထယ်​ယောင်းတိုက်ခန်းထဲကို ရောက်ရောက်ချင်း
ပါလာတဲ့ အထုတ်တွေကို ခဏ ချကာ အခန်းထဲ လိုက်ကြည့်သည်။

Don't go away from me Where stories live. Discover now