EP-2

559 79 7
                                    

   
   

                                     *****

တစ်ဖြေးဖြေး ပိုနွေးထွေးလာတဲ့ မတ်လရဲ့ ရာသီဥတုနှင့် လမ်းတစ်လျှောက် မြင်လာရတဲ့ ပန်းဆိုင်များမှ ရောင်စုံပန်းပွင့်များကြောင့် နွေဦးရာသီ‌ ရောက်လာတော့မည့် အငွေ့အသက်တွေဖြင့် ကျောင်းသွားချိန်များမှာ သာယာလှပါသည်။  သီချင်းနားထောင်ရင်း ငေးမောရင်း ဘတ်စ်ကားပေါ်လိုက်သွားရတာ ကြိုက်တဲ့ မင်ဂယူးအတွက်တော့  ဒီနေ့လဲ လန်းဆန်းပြီး စိတ်ကြည်နေသည်။

အတန်းထဲ ဝင်လာတော့ ဆောမြောင်ဟိုက ရောက်နေပြီဖြစ်သည်။ ပြုံးပြလိုက်တော့ မနေ့က တောင်းပန်စကားပြောတာ သူမဟုတ်သလို ရုပ်တည်နှင့် ပြန်လှည့်သွားသည် ။ ထားပါတော့ မင်ဂယူးပဲ မှားတာပါ သူ့နဲ့ စကား‌တစ်ခါလောက်ပြောဖူးတာနှင့် သူ့အကျင့်ကို မေ့ပြီး အရမ်းရင်းနှီးသွားတယ် ထင်နေမိတာပဲ ။ သူကိုက မှားတာ ။

                                   *****

“လူမှုရေး အချိန်‌လေဆရာ... ဒီနေ့ သင်္ချာအချိန် မပါဘူးလေ... အတန်းမှားလာတာလားမသိဘူး”

အတန်းမှူးဖြစ်သည့် သင်္ချာဆရာ အတန်းထဲ ဝင်လာသည်ကို နှုတ်မဆက်ပဲ အခန်း(၃)ရဲ့ ငမြွေထိုးအုပ်စုမှ ယန်းအီရဲ့ ငြိုငြင်သံက အရင်ထွက်လာသည်။

“မင်းတို့ လူမှုရေး ဆရာမ ဒီနေ့ ခွင့်ယူထားလို့ ... ဒီနေ့ ငါ အစားဝင်မယ် ကဲ သင်္ချာစာအုပ်ထုတ်မယ် ”

တစ်တန်းလုံး မျက်နှာအိုကြီးများနှင့် မကျေမနပ် ရေရွတ်သံများ  တန်းစီထွက်လာသည်။ကိုရီးယားသမိုင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုအကြောင်းများ ကမ္ဘာ့သမိုင်း၊ ကမ္ဘာ့ပထဝီဝင်‌အကြောင်းများအပြင် ကျောင်းသားတွေ မပျင်းအောင် အလျင်းသင့်သလို စိတ်ဝင်စားစရာ အခြားအကြောင်းအရာများပြောပြတတ်သည့်  လူမှုရေးဆရာမ၏ အတန်းချိန်ကို အင်မတန် လက်ပေါက်ကပ်သော အတန်းမှူး၏ သင်္ချာပုစ္ဆာများ တစ်ပုဒ်ပြီးတစ်ပုဒ် သင်ပုန်းပေါ် တစ်ယောက်ချင်း ထွက်တွက်ခိုင်း‌နေခြင်းကြောင့် တစ်တန်းလုံး ဇက်ပုရင်း  အချိန်မြန်မြန်ကုန်ရန်သာ ဆုတောင်းပြီး အောင့်အီးကာ နေကြရသည်။  

All my attention is on you [ Complete ]Where stories live. Discover now