EP-13

519 58 1
                                    

 
 

 
                                     *****

မင်ဂယူးနှင့် မြောင်ဟို တွဲပြီးနောက်ပိုင်း ထူးခြားလာတာ‌တော့ မရှိခဲ့ပါ။ မြောင်ဟိုလည်း မြောင်ဟို၏ ပုံစံအတိုင်း နေတတ်သလိုနေပြီး မင်ဂယူးကလည်း အရင်လို မြောင်ဟိုနားတွင် ပူးကပ်နေမြဲ။စကားအရ နှစ်ဦးနှစ်ဖက်ခံစားချက်ကို အတည်ပြုလိုက်ခြင်းသာဖြစ်ပြီး နဂိုကတည်းက သူငယ်ချင်းလို ဟုတ်မနေသော ဆက်ဆံရေးကို တရားဝင်ခေါင်းစဉ်တပ်လိုက်ခြင်းသာဖြစ်သည်။

မင်ဂယူးက သူအိမ်ပြန်သွားသည့်နေ့တွေဆို ထိုနေ့ညများတွင် video call ခေါ်လာတတ်သည်ကြောင့် သူနှင့်စကားပြောပေးရသည်။ စကားပြောသည်ဆိုသော်ငြား နှစ်ယောက်စကားဝိုင်းကို ဦးဆောင်သည်က ထုံးစံအတိုင်း မင်ဂယူးဖြစ်သည်။တစ်နေကုန်တွေ့ကြုံရသမျှ သိလာသမျှကို မမေးလည်း တတွတ်တွတ်နှင့် အစီခံသည်က သူ့အလုပ်။တစ်ခါတစ်ရံတွင်တော့ ရောက်တတ်ရာရာ ပေါက်ကရပြောသည်ကိုပဲ ကျေးဇူးတင်ရမလိုလို။မထင်လျှင် မထင်သလို ကောက်ကာငင်ကာ ထFlirtပါက တစ်ချက်ဆိုလျှင်လည်းတချက် ထိသည်ကြောင့်။ မင်ဂယူးက ဘာမှမဖြစ်သလို ပြောလိုက်ပေမယ့် မနေတတ်ပဲ ရှက်ရဲရဲဖြစ်ရသည်က မြောင်ဟိုသာ။ အကြိမ်ကြိမ်ကြုံရလည်း အသားမကျနိုင်ပဲ မထိန်းနိုင်အောင် ရင်ခုန်ရသည်။ မင်ဂယူးက လွှမ်းမိုးချင်စိတ်လည်းကြီးသလို တကယ်လည်း လွှမ်းမိုးနိုင်ပါသည်။

ကျောင်းပိတ်ရက်ရှည်ကြီးတစ်ခုလုံးကို မင်ဂယူးက မြောင်ဟို့အိမ်လာအိပ်လိုက်၊ မြောင်ဟိုက မင်ဂယူးအိမ်အလည်ခေါ်၍ပါသွားလိုက်၊ နှစ်ယောက်သား ရုပ်ရှင်ထွက်ကြည့်လိုက်၊ စားသောက်ဆိုင်များတွင် အတူdateလိုက်နှင့် အေးချမ်းစွာ ဖြတ်ကျော်ခဲ့ပါသည်။ကျောင်းပိတ်ရက်ကုန်ခါနီးမှာတော့ နှစ်ယောက်သား ကိုယ့်အိမ်နှင့်ကိုယ်သာ နေဖြစ်သည်။ မနေ၍လည်းမဖြစ်။မင်ဂယူး၏ မေမေက မင်ဂယူးကို အိမ်မကပ်သဖြင့် ဆူပူနေသည်ကြောင့် ကြားထဲက မြောင်ဟိုမှာ နည်းနည်းအားနာသဖြင့် အတင်းပြန်လွှတ်ထားရခြင်းဖြစ်သည်။အကဲပိုသည့် မင်ဂယူးကတော့ မတွေ့ရသည်‌ကြောင့် အင်မတန်လွမ်းရသည်ဟုဆိုကာ အမျိုးမျိုး အပိုလုပ်လေ့ရှိသည်။kakao talkတွင်လည်း စာပို့သည်။ video call ခေါ်သည့်ညများတွင်လည်း သူပြောသမျှ နားထောင်ပေးရသည်မှာ နားထောင်ရင်းနှင့် အိပ်ပျော်သွားသည်အထိ။

All my attention is on you [ Complete ]Where stories live. Discover now