EP-12

548 63 5
                                    

   

                               
                                    *****

လက်ရဲဇက်ရဲဆွဲနမ်းလိုက်သည့် အကျိုးဆက်အနေဖြင့် အခန်းတံခါးမဖွင့်ပေးသည့်မြောင်ဟိုကြောင့် အပြင်ထွက်အိပ်လိုက်ရပြီး ပန်းနုရောင်အကြင်နာညကို အဆုံးသတ်လိုက်ရပါသည်။သို့သော်ငြား မင်ဂယူးအိပ်မပျော်ပါ။နေ့စဉ်ရက်ဆက်နီးပါး ရင်ခွင်ထဲထည့်ထားခဲ့ရသည့် အနွေးဓာတ်လေးလည်း ရှိမနေသလို လောလောလတ်လတ်ခံစားခဲ့ရသည့် နှုတ်ခမ်းလှလှလေး၏ အထိအတွေ့ကိုလည်း မြင်လွှာထဲမှ မဖျောက်ဖျက်နိုင်။

မင်ဂယူး၏ မထိန်းနိုင်မသိမ်းနိုင် သည်းကြီးမည်းကြီး ချုပ်နမ်းလိုက်ခြင်းကြောင့် ပွင့်အာနေသည့် နှုတ်ခမ်းနှစ်လွှာနှင့် မျက်လွှာချထားရင်း အမောဖြေမိန်းမောနေသည့် မျက်နှာနုနုအား အပေါ်စီးမှ မြင်တွေ့နေရသည်မှာ ဤမြင်ကွင်းထက် လှနိုင်သည့်အရာထပ်မရှိနိုင်တော့ပေ။ ပြန်တွေးကြည့်ရင်း ရင်ခုန်သံတွေက ဆတိုးကာဖြင့် မြည်ဟီးနေတော့သည်။ ရူးနေပြီ။ မင်ဂယူးက တကယ်ကို ရူးသွားပြီ။မြောင်ဟိုနှင့် ပတ်သတ်လာလျှင် အသေးအမွှားမှစကာ စွဲလမ်းနေရသည်။နှုတ်ခမ်းလှလှလေးကိုလည်း ချစ်သည်။ထိုနှုတ်ခမ်းလွှာအောက်မှ မှည့်နက်လေးကိုလည်း ချစ်သည်။ပြုံးလိုက်လျှင် မို့တက်လာသည့် ပါးအိအိလေး‌တွေကိုလည်းချစ်သည်။

တစ်ညလုံး ပီတိတွေဝေဖြာရင်း ကုန်ဆုံးသွားပြီး မိုးလင်းခါနီးမှ အိပ်ပျော်သွားသည်ကြောင့် ဖုန်စုပ်စက်သံ တစ်ဒီးဒီးကြားမှသာ နိုးလာတော့သည်။သွားချည်ပြန်ချည် ဖုန်စုပ်စက်ဖြင့် အလုပ်ရှုပ်နေသော မျက်စိရှေ့မှ ပုံရိပ်လေးကိုမြင်တော့လည်း ပြုံးမိပြန်သည်။အခြေအနေက ချစ်သူနှစ်ဦး လက်ထပ်ပြီးနောက် အတူတူ နေကြသလိုမျိုး။

အိပ်နေရာမှထ၍ ထိုကျောပြင်ငယ်ကို တွယ်ဖက်မည်ပြုတော့ မင်ဂယူးရှိရာသို့ ချက်ချင်းလှည့်လာကာ ဖုန်စုပ်စက်အား လက်ထဲ ထိုးထည့်ထွက်သွားပြီးနောက် အခန်းတံခါးကို အသံမြည်အောင် ပိတ်သွားသည်။ ရေချိုးထားပုံရသည့် မြောင်ဟိုထံမှ ခေါင်းလျှော်ရည်နံ့ ခပ်သင်းသင်းသာ ဝေ့ဝဲလျက် ကျန်ခဲ့ပါသည်။အငွေ့အသက်က အနည်းငယ် စိမ်းသက်သက်ဖြစ်နေသည်။မြောင်ဟိုက စိတ်ဆိုးနေတာလား။

All my attention is on you [ Complete ]Where stories live. Discover now