P 18

414 44 1
                                    

Jin: ဟိုဆော့မင်း ဟိုအိမ်မှာနေရတာအဆင်ပြေရဲ့လား။
ထယ်ယောင်းရော...မင်းကို အနိုင်
ကျင့်သေးလား

hs: သူကအရင်ကလိုမဟုတ်တော့ပါဘူး
ငါ့အပေါ်ကောင်းပါတယ်။ မကောင်းလို့
လည်းမရဘူးလေ။ မေမေက သူ့ကြောင့်
ဆုံးသွားရတာ။

yg: ဆိုတော့... မင်းအမေကျေးဇူးက
သူ့အပေါ်မှာရှိလို့ မင်းအပေါ်ကောင်း
တယ်လို့ဆိုလိုချင်တာလား

hs: ဒါအပြင်ဘာရှိအုံးမှာလည်း

Jin: ဒါပေမဲ့ ငါမြင်သလောက်တော့
သူမင်းအပေါ်ကောင်းတာ အန်တီ
မဆုံးခင်ကထဲကလို့ထင်တယ်‌။

Jin: ထယ်ယောင်းကြည့်ရတာ
မင်းအပေါ်မရိုးသားဘူးနော်။

hs: မင်းတို့မသိပါဘူး။
သူကငါ့ကို မုန်းနေတာ

Jin: ငါတော့အဲ့လိုမထင်ပါဘူး။
သူ့မှာလေ အတန်းထဲမှာ မင်းများမရှိရင် ခွေးခြေထောက်မီးလောင်နေတဲ့
အတိုင်းပဲ။ ဣ‌န္ဒြေကိုမရဘူး။

yg: အဲ့ဒါတော့ငါလက်ခံတယ်။
ဟိုတလောက အတန်းထဲမှာမင်းကို
မတွေ့လို့ဆိုပြီး ငါတို့ကိုလာမေးတာ
ငါလည်း yoonjayနဲ့လိုက်သွားတယ်လို့
ပြောလိုက်တော့ တော်တော်လေး‌ဒေါသ
ထွက်သွားတဲ့ပုံပဲ။

hs: ဒေါသထွက်တယ်
ဘာဖြစ်လို့

Jin: အဖြေကရှင်းနေတာပဲ
မင်းကိုသ၀န်တိုလို့ပေါ့

Jin: yoonjayဆိုတဲ့ကောင်လေးက
မင်းကိုဖွင့်ပြောဖူးတယ်ဆို။ မင်းဘဲ
ပြောတာလေ။ အဲ့တော့ထယ်ယောင်းက
သူနဲ့တွဲသွား တွဲလာလုပ်တော့ ဂျေ၀င်တာပေါ့ကွ။

yg: မင်းသာမသိတာ။
ဘေးကမြင်နေရတဲ့ငါတို့က
အကုန်သိတယ်

ဟိုဆော့သေချာပြန်စဉ်းစားကြည့်ပြန်
တော့လည်း ဂျင်နဲ့ယွန်ဂီပြောတာတွေက
မှားဖွယ်ရာမရှိ။ သူဟန်ဆောင်နေတာပါလို့စိတ်က တတွင်တွင် သတိပေးနေ
ပေမဲ့ သူ့မျက်လုံးတွေက တကယ်ပါ
ယုံပါလို့ပြောနေတဲ့အတိုင်း။

တကယ်ပဲယုံလိုက်ရမလား။
အယုံကြီးယုံပြီးမှ အဲ့ယုံကြည်မှုကို
ရိုက်ခွဲလိုက်ရင် ကျွန်တော်ပဲခံစားရမှာ
ဟူး....ဆုံးဖြတ်ရခက်လိုက်တာ

အမုန်းတော်ခံ (U+Z)Where stories live. Discover now