P 15

379 48 3
                                    

"သမီးဂါဂါရေ
အန်တီဆိုင်လေးကို ခနကြည့်
ပေးထားပါအုံး"

"အန်တီ ဒီနားခနသွားမလို့
အမြန်ပြန်လာခဲ့မယ်နော်"

"ရတယ်လေအန်တီဟယ်မီ
သွားပါ စိတ်ချချနေ
သမီးကြည့်ပေးထားမယ်"

"ဆိုင်လည်းပိတ်တော့မှာဆိုတော့
ဈေး၀ယ်သိပ်မလာလောက်တော့ဘူး
ခနနေရင်တော့ ဟိုဆော့လေးလာပါပြီ"

"ဟုတ်ကဲ့ပါအန်တီရယ်
အားမနာပါနဲ့ သွားစရာရှိတာသာသွား"

ဟယ်မီသည် သူ့ဆိုင်ဘေးက
ဖိနပ်ဆိုင်ဖွင့်ထားသော ဂါဂါကို
မှာခဲ့ပြီး ထယ်ယောင်းနောက်လိုက်သွား
တော့သည်။

သူမထွက်သွားပြီးမကြာပါ
ဟိုဆော့ရောက်လာသည်။

hs: အမဂါဂါ
မေမေရော ဘယ်သွားလည်း
ဆိုင်ထဲမှာမရှိဘူး

"ဪ..အန်တီက ဒီနားခနဆိုပြီး
ထွက်သွားတယ်"

hs: ဘယ်သွားမယ်လို့ပြော
သွားသေးလည်းအမ

"အဲ့ဒါတော့ အမလည်း မမေးမိ
လိုက်ဘူး"

hs: ဟုတ်လား

သူ့အမေကိုဖုန်းဆက်မယ်ကြံတော့
ဖုန်းက ဆိုင်ထဲမှာကျန်ခဲ့လေတော့
ဟိုဆော့ စိတ်ပူသွားသည်။

သူ့အမေကနှလုံးရောဂါသည်ဆိုတော့
တစ်နေရာရာမှာ တစ်ခုခုဖြစ်နေပြီလား
ဆိုတဲ့အတွေးကလည်း အလုအယက်
၀င်လာသည်

hs: အမဂါဂါ
ကျွန်တော်မေမေ့နောက်လိုက်သွား
လိုက်အုံးမယ် ဈေး၀ယ်လာရင်လည်း
ဆိုင်ပိတ်ပြီလို့သာပြောလိုက်ပါ

"အေးအေး"
.
.
.
ဟိုဆော့ လမ်းတိုင်းကို ၀င်ရှာကြည့်
ပေမဲ့ ဘယ်သူမှမတွေ့။ အနဲငယ်မှောင်နေလို့လည်း ဖြစ်ပါလိမ့်မည်။ လူပျက်တဲ့ လမ်းနားထိရောက်လာပေမဲ့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင်
မတွေ့။ လမ်းချိုးတစ်နေရာရောက်တော့

hs: မေမေ......................😧
ဟိုဆော့ အားကုန်သုံးကာ
အော်လိုက်မိသည်။

မဟုတ်ဘူး
သူမြင်နေတာအမှန်မဟုတ်ဘူးမလား

hs: မေမေ

"ဟျောင့်တွေ လက်လွန်ကုန်ပြီလား
မသိဘူး။ ပြေး...ပြေးတော့"

ty: အန်တီ..အန်တီ

အမုန်းတော်ခံ (U+Z)Where stories live. Discover now