P 12

392 44 0
                                    

jin: ဟိုဆော့
နေမကောင်းဘူးလား
မင်းကြည့်ရတာ မလန်းသလိုဘဲ

hs: ကောင်း...ကောင်းပါတယ်
ငါဘာမှမဖြစ်ဘူး အကောင်းကြီး

yg: မသိဘူးလေ
မင်းပုံစံက လင်ပူမိနေတဲ့အတိုင်း

hs: မင်းတို့ကလည်း ပြောလိုက်ရင်
တလုံးတခဲနဲ့။ စာကိုကြည့်စမ်းပါ
ခနနေဆရာမလာရင်tutoဖြေရမှာကို

Jin: ဒါနဲ့ ထယ်ယောင်းကဒီနေ့
အတန်းမတက်တာလား

yg: အေး..ဟုတ်သားဘဲ
မင်းနဲ့အတူတူလာတာမဟုတ်ဘူးလား

hs: အထူးဆန်းလုပ်လို့
အရင်ကလည်း ဘယ်မှာ အတန်းချိန်
မှန်အောင်တတ်လို့လည်း

Jin: အတန်းချိန်မမှန်ပေမဲ့ သူက
tutoချိန်ဆို မပျက်တတ်ပါဘူး
ဒီနေ့မှ ဘယ်လိုဖြစ်ပါလိမ့်

hs: မင်းတို့ကလည်း အတိကျကို
သိနေတာဘဲနော်။
သူ့ဘာသူ မလာချင်လို့နေမှာပေါ့
သူများအကြောင်းဆို သိပ်စပ်စု
တာဘဲ စာလုပ်တော့ဆိုနေ

ဟိုဆော့နဲနဲဟောက်လိုက်မှ နှစ်ယောက်
သားငြိမ်သွားသည်။ ဟုတ်သည်လေ
သူတို့ကလည်း အားအားရှိထယ်ယောင်းအကြောင်းဘဲမေးနေတာဆိုတော့ ဟိုဆော့စိတ်တိုလည်းတိုချင်စရာ

ဟိုဆော့ကတော့ စာအုပ်ကို ကြည့်နေပေမဲ့ စိတ်တွေက မနက်ခင်းက ထယ်ယောင်းနဲ့ စကားများကြတာကို ပြန်တွေးမိနေတော့တယ်

flash back

ty: hyungကားပေါ်တက်လေ
ဘာလုပ်နေတာလည်း

hs: ငါမင်းနဲ့အတူတူကျောင်း
မသွားနိုင်ဘူးကင်ထယ်ယောင်း

ty: hyungကျွန်‌တော်နဲ့မလိုက်ချင်တာ
မနေ့က ကိစ္စကြောင့်လား

hs: .......

ty: hyungကျွန်တော်နဲ့ အတူတူကျောင်း
မသွားရင် မနေ့ကလိုမျိုး ထပ်မလုပ်ဖို့
၀န်မလေးဘူးနော်!

hs: ကင်ထယ်ယောင်း!!
မင်းကလူကိုလာပြီး ခြိမ်းချောက်
နေတာပဲ။ မင်းမှာ သိက္ခာမရှိဘူးလား

ty: hyungနဲ့ပတ်သတ်လာရင်
သိက္ခာဆိုတာဘာမှန်းတောင်မသိတာမို့
ဂရုမစိုက်ဘူး။

hs: မင်းဂရုမစိုက်ပေမဲ့ငါစိုက်တယ်
ငါ့ကို မင်းနဲ့မယှဉ်စမ်းပါနဲ့။ မင်းက
ကိုယ်အနိုင်ရဖို့အတွက်နဲ့ သူများကို
ဘာပဲလုပ်ရ လုပ်ရ မင်းမမှုဘူး။

အမုန်းတော်ခံ (U+Z)Where stories live. Discover now