P3

386 54 0
                                    

ကျောင်းတွေဖွင့်လာပြီ
ကျွန်တော်ကတော့ သူငယ်ချင်းတွေအသစ်တိုးလာရုံကလွဲပြီး ဘာမှမပြောင်းလဲပါဘူး

ထယ်ယောင်းလား
Kingဆိုတဲ့ဂုဏ်ပုဒ်နဲ့လိုက်အောင်ရည်းစားတွေထဲလဲတွဲ။
အရေးကြီးတဲ့အတန်းချိန်မှလွဲပြီး
ကျန်တဲ့အချိန်တွေဆို ကားတစ်စီးဖြင့်
ဘယ်သဝေထိုးနေမှန်းမသိ။ ဒါပေမဲ့
အရင်လို ကျွန်တော့်ကို စိတ်ဒုက္ခ
ပေးတာကတော့ အခုချိန်ထိ
မပျောက်သေး။ ဟောဟိုမှာ ပြောရင်းဆိုရင်းလာပါပြီ

ty: ရော့

ထယ်ယောင်းဟိုဆော့ရှေ့ကို စာအုပ်ပြစ်ပေးလိုက်သည်

hs: ဒါကဘာလည်း

ty: မနေ့ကငါအတန်းလွတ်သွားတယ်
အဲ့တာ ငါ့ကိုသင်လိုက်တဲ့စာတွေ
ပြန်ကူးပေး

တွေ့လား လေချင်တိုင်းလေပြီးတော့မှ
လူကိုလာပြီး စိတ်နှောင့်ယှက်ဖြစ်အောင်။ ရုပ်ကိုလည်းကြည့်အုံး စာကူးပေးချင်စရာ တစ်ကွက်မှမရှိဘူး

ty: ဘာလည်း မကူးပေးဘူးလား
ရတယ်လေ။ အိမ်ရောက်ရင် အန်တီနဲ့ပြန်တိုင်လို့ မင်းအဆူ-

hs: ပေးပေးစာအုပ်
ကူးပေးမယ်

ty: အဲ့လိုလိမ္မာစမ်းပါ
အမြဲတမ်းကူးပေးနေကြကို

ဘာနေနေမေမေနဲ့ကိုင်ပေါက်နေတဲ့
ကင်ထယ်ယောင်းက သိပ်ကိုအမြင်ကပ်စရာ။ အခုလည်းကြည့် ဘယ်မေဂျာက
ကောင်မလေးကို ခေါ်လာပြန်လဲမသိ
ထွက်သွားပြန်ပြီ။

yg: ဟိုဆော့

hs: ဪ..ယွန်ဂီလာလေ
ဂျင်ရော မပါဘူးလား

yg: သူကမလာသေးဘူး
မင်းကဒီနေ့အစောရောက်လို့ပါလား

hs: ဟုတ်တယ်
ဒီနေ့နဲနဲစောသွားတယ်

yg: ထယ်ယောင်းကို
စာကူးပေးနေတာလား

hs: ဟုတ်တယ်

yg: သူကဘယ်သွားလို့လဲ

hs: မသိပါဘူး ကောင်မလေး
တစ်ယောက်နဲ့ထွက်သွားတာဘဲ

yg: မင်းမလဲနော် ၀ဋ်ကျွေးပဲ

ယွန်ဂီနဲ့ဂျင်နဲ့က ကျွန်တော့်ကို
ရမ်းခင်ကြတာ။ တစ်ခန်းထဲဆိုပေမဲ့ မာနကြီးတဲ့ထယ်ယောင်းကို သူတို့ဘ၀င်မကျ။ ကျွန်တော်ကအမြဲတမ်း ထယ်ယောင်းရဲ့ခိုင်းဘက်ဖြစ်‌နေတော့ သူတို့ထယ်ယောင်းကို သိပ်ပြီးကြည့်
မရတာလဲပါလိမ့်မည်။

အမုန်းတော်ခံ (U+Z)Where stories live. Discover now