TER-7 (Final)

600 37 0
                                    

U

ဂျောင်ကုနဲ့ထယ်ယောင်းက အခုဆို ချစ်သူသက်တန်း တစ်နှစ်ကျော်ပြီဖြစ်သည်။

ထယ်ယောင်းကျောင်းပြီးခါနီး ဂျောင်ကုက တတိယနှစ်ပြီးခါနီးပေါ့ ။

"ကုကီ ကလေးလေး ကိုယ်တို့ဘယ်တော့လက်ထပ်ကြမလဲ ။"

ဂျောင်ကုသည် ထယ်ယောင်းအိမ်မှသာနေနေခြင်းပင်။
ထယ်ယောင်းရဲ့အိမ်သည် အရင်က မြက်ခင်းစိမ်းစိမ်းသာရှိပေမဲ့ဂျောင်ကုရောက်လာပြီးနောက်ပိုင်း ဂျောင်ကုသည်အရင်ကသူ့အိမ်မှာစိုက်ထားတဲ့ပန်းအိုးတွေရော ထယ်ယောင်းရဲ့နေကြာပန်းရော ပြီးတော့ ဂျောင်ကုထပ်ပြီးစိုက်ချင်တယ်ဆိုလို့ထပ်ဝယ်ပေးပြီး ဂျောင်ကုကစိုက်ပျိုးထားတာကြောင့် ခြံဝန်းကျယ်ကျယ်ဟာ ပန်းတွေဝေဆာနေသည်။

အခုလဲ ဂျောင်ကုကို ရင်ခွင်ထဲထည့်ကာ မျက်ခင်းပြင်ပေါ်ထိုင်နေတဲ့ထယ်ယောင်း။

"ကျောင်းပြီးမှ‌လက်ထပ်မယ်လေ"

"အော ကလေးလေး ကျောင်းပြီးဖို့ဆိုရင် နှစ်နှစ်ကျော်ကျော်လောက်ပဲ ကျန်တော့တယ် ကိုယ်စောင့်နိုင်ပါတယ်"

"ဘယ်သူက ငါကျောင်းပီးမှလက်ထပ်မယ်ပြောလို့လဲ 
ကိုကိုကငါနဲ့မြန်မြန်လက်မထပ်ချင်ဘူးပဲ"

"ဟမ်"
ထယ်ယောင်း ကြောင်အစွ ကြည့်နေမိသည်။

"ဟမ်မနေနဲ့ ကိုကိုကျောင်းပီးတာနဲ့လက်ထပ်မယ်"

"အော အဲ့လိုလား ဟဲဟဲ"

"ဒါနဲ့လေ အဆင်ပြေပါ့မလား"

"ပြေတာပေါ့ ကိုယ်ကဘသူလဲ ကိုရီးယားနိုင်ငံဝန်ကြီးချုပ်ရဲ့ အချစ်ခံ ညီလေးလေ "

"အဲ့‌တာကြောင့်ပြောတာ အခုလိာရည်းစားဖြစ်တာတောင် ကိုကို့ အစ်ကိုကသိလို့လား ပြီးတော့ ငါကမိဘမဲ့ တစ်ယောက် လေ ပြီးတော့ ကိုကို့ရဲ့မျိုးရိုးဂုဏ်ကို ငါမထိန်းသိမ်းနိုင်ရင်ဘယ်လိုလုပ်မလဲ ပြီးတော့ ငါက ကိုကို့အတွက်လဲကလေးမွေးလို့မရဘူး မင်းလဲသိပါတယ်ကိုကိုရာ ငါက မိဘမဲ့ဂေဟာကနေ ခွဲထွက်ပြီး တစ်ယောက်ထဲ ရပ်တည်ခဲ့ရတဲ့သူလေ ‌တကယ်တန်းပြောရရင် ငါက အခွံပဲရှိတယ်။"

THE ENDLESS ROAD (Complete)Where stories live. Discover now