TER - 4

390 40 0
                                    

Z

ဂျောင်ကုတစ်ယောက် ထယ်ယောင်းပေးတဲ့ နေကြာပန်းလေးအား locker ထဲ ခနထည့်သိမ်းကာ စာသင်ချိန် နှစ်ချိန်ထဲ မို့ ပန်းလေးအား ပြန်ယူလာကာ
အိမ်သို့ ပြန်ခဲ့သည်။

Bus ပေါ်၌ နားကြပ်လေးတက်ကာ သီချင်းနားထောင်ရင်း အရောက်တက်ရာရာလျှောက်တွေးနေတော့သည်။

အော် မနက်ဖြန်ဆို ရက်သက်တစ်ပတ်ရဲ့ ပိတ်ရက်လေးကိုရောက်လာပါပြီ။
သူ့ကိုထယ်ယောင်းအိမ်လည်ခေါ်ထားတာပဲ။
သူသွားသင့်လား ။သွားချင်ပေမဲ့ သူအိမ်မှမသိတာ။
ထယ်ယောင်းကို ဖုန်းဆက်မေးသင့်လား။ မေးချင်ပေမဲ့လဲ ဖုန်းနံပတ်တောင်းမထားမိပါ။
စုံစမ်းရင်ရော သူ့လိုအညတယကို ဘယ်သူကလွယ်လွယ်ပေးမလဲ ။
အတွေးများနဲ့အတူ အိမ်သို့ ညနေ သုံးနာရီ ဝန်းကျင်မှာ ပြန်ရောက်လာခဲ့တယ်။

သူ့ပန်းလေးကိုလဲ မထိမခိုက်သေချာသယ်ယူကာ အိမ်သို့လမ်းလျှောက်လာခဲ့တယ်။နေကြာပန်းကို တစ်ခါကြည့်မိတိုင်းသူတစ်ခါကြည်နူးရတယ် ။ ဒီအပင်လေးက လက်တံတောင် လောက်အရွယ်လား။
လူတစ်ရပ်လောက်အရွယ်လား သူအရမ်းသိချင်သည်။

အိုးနဲ့ စိုက်ထားရသလောက်တော့ အပင်ငယ်မျိုးစုပဲ ဖြစ်မည်ဟုသူတွေးမိသည်။

သူ့ခြံဝန်းထဲရောက်တော့ မနက်ရောနေ့လည်ရော ညနေပါ နေရာကောင်းကောင်းရသော နေရာ၌ သေချာလေးထားလိုက်ပြီးပန်းအိုးထဲမှ မြေဆွေးပေါ်သို့ ရေလေးနည်းနည်းဖြန်းလိုက်သည်။

သူလဲ ပန်းလေးကိုပြုံးကြည့်ရင်း အချိန်ကြာခဲ့သည်။

ထို့နောက်သူသည် အိမ်ထဲသို့ ပြန်ဝင်လာကာ ရေမိုးချိုး ၍ အိပ်ယာထက်လဲလျောင်းကာ ဖုန်းကြည့်နေသည်။

ခနကြာတော့ တောင် ကနဲ ဝင်လာတဲ့ message တစ်ဆောင်။

သူလဲ ဝင်ဖက်ကြည့်တော့

*မနက်ကြရင် လာခေါ်မှာ‌မို့ အဆင်သင့်ပြင်ထားပါ 9 နာရီရောက်မယ်*

ဟူသော စာ...

သူအတွေးထဲ ဘာမှစဉ်းစားစရာမလိုပဲ ဝင်လာတာက ဒီစာကို ထယ်ယောင်းပို့တယ်ဆိုတာပင်။

"သူ့လို လူမျိုးက ငါ့အကြာင်းစုံစမ်းဖို့ မခက်ခဲလှပါဘူးလေ"

THE ENDLESS ROAD (Complete)Where stories live. Discover now