TER-6

355 32 1
                                    

U

"ဟင် ငါဘယ်ရောက်နေတာ..အာ ကင်မ်ထယ်ယောင်း ကင်မ်ထယ်ယောင်းအိမ်ပဲ"

သူနိုးနိုးချင်း စိမ်းသက်သက် အခန်းကြောင့် ဂျောင်ကုတစ်ယောက် လန့်သွားရသည်။ သေချာပြန်တွေးမှ မနေ့ညက ထယ်ယောင်းသူ့ကိုခေါ်လာခဲ့တာဖြစ်သည်။

"ဟေး နိုးပြီလား ထတော့ ရေချိုးပြီး ရင်ဝတ်ဖို့ အကျီယူလာပေးတာ "

ထယ်ယောင်းယူလာတဲ့ အကျီကိုကြည့်လိုက်တော့ shirt တစ်ထည်နဲ့ ဘောင်းဘီအပွတစ်ထည်။

"မင်း ရဲ့ ညဝတ်အကျီပဲဝတ်ထားလို့မရဘူးလား ငါဒီအကျီကိုအရမ်းကြိုက်လို့လေ "

"တစ်ညလုံးဝတ်အိပ်ထားတာလေ "

"ငါကြိုက်တယ်လေ"

"ဘာလို့လဲ ဒါဝတ်ပါ"

ထယ်ယောင်းက သူ့လက်ထဲက အကျီကို ဂျောင်ကုရှေ့ကိုတိုးကာ ပြနေသည်။

"ဟင့်အင်းနော် "

"ကဲ ဘယ်နှယ့် အဲ့အကျီက မင်းဟာပဲကို ဘာလို့လဲ လျှော်ပြီူ မင်းဟာမင်းပြန်ဝတ်လဲ ရတာပဲ ဒီဟာလဲ အသစ်ပါနော် လဲလိုက်ပါ"

"ဘာလို့ငါ့ဟာလဲ ဈေးအဲ့လောက်ကြီးတာ ငါမဝယ်ဖူးဘူးနော်"

"ငါဝယ်ပေးထားတာလေ"

"ဘယ်တုန်းက"

"အိပ်မက်တွေတောက်လျှောက်မတ်နေထဲကလေ မင်းကဘယ်သူဆို‌တာတောင်ငါမသိသေးပဲ မင်းကို အကောင်းတကအကောင်းတွေပဲပေးချင်နေမိတယ် အဲ့တာနဲ့ ငါ့ဟာငါလျှောက်တယ်ထားလိုက်တာပါ ကဲရော့ ယူ ရေချိုးပြီးဆင်းလာခဲ့ ။"

ဟာဆိုကာ ပြန်ထွက်သွားသော ထယ်ယောင်း
ဂျောင်ကုလဲ ထယ်ယောင်းပြောတဲ့အတိုင်းသာ ရေချိုးပြီးအကျီဝတ်ကြည့်တော့ အကျီအသားလေးက ပါးပါးလေးနဲ့ အိပြီး အေးနေတာ ဝတ်ထားလို့ဝတ်ထားမှန်းတောင်မသိသာ။ ဘောင်းဘီဆိုလဲ သားရေ‌ကြိုးပျော့ပျော့လေးတွေနဲ့ အသားမနာအောင် လုပ်ထားတာ ကြောင့် ဂျောင်ကုအတော်လေးသဘောကျမိသည်။
သူလဲ အဝတ်လဲပြီးအောက်ဆင်းလာတော့ ညကထယ်ယောင်းကို စနောက်ချင်လို့ အိပ်ချင်ယောင်ဆောင်ပြီးလိုက်လာတာ ဘာမှမသိလိုက် အခုမှ ကြည့်မိတာ အိမ်ကြီးက နန်းတော်ကြီးသဖွယ် သူ့တစ်သက်နဲ့တစ်ကိုယ် ဒါမျိုး ကိုလက်တွေ့မြင်ရမယ်လို့ မတွေးဖူးပါ

THE ENDLESS ROAD (Complete)Where stories live. Discover now