TER -3

429 41 2
                                    

Z

"ငါလဲ မင်းလို အိပ်မက်တစ်ခု မက်ဖူးတယ် အနည်းငယ်ကြာပြီး အ‌သားရောင်ကတော့မင်းလိုပဲ ငါရုပ်ကိုမမှတ်မိတော့ဘူး အဲ့အိပ်မက်က ထူးဆန်းတယ်
ငါက သူ့အနောက်ကို လိုက်နေပေမဲ့ သူက ပိုပိုဝေးသွားတယ် ပြောရရင် လမ်းမကြီးအတိုင်းပြေးနေကြတာ သူက လမ်းကိုဆုံးအောင်ပြေးနေပေမဲ့ သူပြေးတဲ့လမ်းက မဆုံးနိုင်ဘူး အခုတော့ အပြင် မှာ မပြေးပဲ ငါ့စီကို စိုက်ဈုက်မြိုက်မြိုက်ပြန်ရောက်လာပြီပဲ "

"ဗျာ"
ထယ်ယောင်းရဲ့စကားကိုဂျောင်ကု လိုက်၍မမှီတော့ပါ ။

"အာ အင်း အခု ချိန်တော့ မင်း ဘယ် လက်ခံ နိုင်ပါအုံးမလဲ နောက်တဖြည်းဖြည်းချင်း နားလည်လာပါလိမ့်မယ်"

ထယ်ယောင်း စကားကြောင့် အသက်ငယ်တဲ့ ဂျောင်ကုက ဘာကိုမှ သိပ်မတွေးနိုင်သေးပါ။

သူတို့နှစ်ယောက် အချင်းချင်းမိန်ဆက် စကားတေ တော်တော်ကြာကြာပြောပြီးသွားကြတော့ သူတို့အနည်းငယ် ရင်းနှီးလာကြတယ်။

"ဒါဆို ငါသွားတော့မယ် နောက်ကျနေပြီ ငါတို့‌နားကမှောင်လို့"

"ဂျောင်ကုကီ မင်းစကားကို ယဉ်ယဉ်ကျေးကျေးပြောလို့မရဘူးလား ငါမင်းထက်အကြီးနော် "

"ဒါကပြောနေကျဖြစ်နေပြီ ပြန်ပြင်လို့မကတော့ဘူး"

"ဟူးး ဒါဖြင့်လဲ ပြန်ကြဝာပေါ့ ငါလိုက်ပို့ပါ့မယ် မှောင်နေပြီမဟုတ်လား ငါ့ကားနဲ့ပဲလိုက်ခဲ့ပါ။"

Oh,God! အလှလေးက သူ့လို လူကို ကားနဲ့တင်ပြီးလိုက်ပို့မယ်တဲ့လား ဒါမဖြစ်နိုင်တာကြီးကို
အိပ်မက်မက်နေတာလား

"ဂျောင်ကုကီ ဂျောင်ကုကီ ....ဂျွန်ဂျောင်ကု!"

ထယ်ယောင်း‌အော်လိုက်မှ ပြုံးပြုံးကြီးရပ်နေတဲ့ ဂျောင်ကုတစ်ယောက် သတိပြန်ကပ်တော့တယ်။

"ဘာလုပ် နေတာလဲ အဲ့မာရပ်ပြီး သွားမယ်ဆိုနေ"

"အင်းပါ လာပြီ "

ထယ်ယောင်းတစ်ယောက် ဂျောင်ကု ညွှန်တဲ့ လမ်း အတိုင်းလိုက်ပို့ပေးတော့ အိမ်နားရောက်ခါနီး လမ်းလဲ ကျရော လမ်းက အရမ်းကျဉ်းတာကြောင့် ကားဝင်မရ။

THE ENDLESS ROAD (Complete)Where stories live. Discover now