chapter 6 : My Barbie girl

349 36 9
                                    

Song suggestion : Hype Boy by NewJeans (Single loop mode)

🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀

" Zuha ..? "
" Hype Boy က Zuha ဖြစ်နေခဲ့တာလား? "

" ဘာလို့လဲ? Zuha က မိန်းကလေးဖြစ်နေလို့လားဟင်? "

" အဲ့သလိုမဟုတ်ပါဘူး .. ငါ အရမ်း အံ့ဪသွားလို့ပါ .. ဒါနဲ့ ငါနင့်ကို ပြေးဖက်လို့ရလားဟင်? "

" ရတာပေါ့ .. လာ "

ခွင့်ပြုချက်ရရပြီးချင်း Juu Byeol မတွေဝေဘဲ Zuha ကိုပြေးဖက်လိုက်တော့သည်။

" ငါနင့်ကို တကယ် တွေ့ချင်နေခဲ့တာပါ Hype Boy .. နင်ကလေ ငါ့ online friend ဆိုတာထက်ကိုပိုတဲ့ မိသားစု ၀င်တစ်ယောက်လိုပါဘဲ .. ငါ စိတ်ဓာတ်ကျနေတိုင်း ငါ့ကို အားပေးခဲ့လို့ .. ငါရင်ဖွင့်သမျှကို နားထောင်ခဲ့ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် .. ဟင့် ... ငါအခုချိန်ထိ အိမ်မက်လို့ ထင်နေတုန်းဘဲ သိလား? "

Juu Byeol ... Zuha ကိုဖက်ရင်း ငိုနေမိတော့သည်။ Zuha လည်း Juu Byeol နောက်ကျောလေးကို အသာပုတ်ပေးပြီးနှစ်သိမ့်ရင်း ပြုံးနေမိပါသည်။ ခဏကြာတော့ သူတို့နှစ်ယောက် ပြန်ခွာလိုက်ကြပြီး Zuha ကမေးသည်။

" သဘောကျရတဲ့ သူရှိနေပြီလား? "

" အင်း "

" Zuha သိတဲ့သူမလား? "

" အင်း "

" ဘာလို့လဲ? Barbie ကြည့်ရတာ တစ်ခုခုကိုပြောချင်နေတဲ့ပုံဘဲ "

" တကယ်တော့ .. Hype boy ကို သဘောကျခဲ့ဖူးပါတယ် .. Barbie ဘေးနားအမြဲရှိနေပြီး ကောင်းပေးခဲ့လို့ .. Hype boy ကဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုပြီး ညတိုင်းစဉ်းစားခဲ့ဖူးတယ် .. ဒါပေမဲ့လေ သဘောကျတာနဲ့ ချစ်တာနဲ့က မတူဘူးဆိုတာ သိပြီးတဲ့နောက်ပိုင်း Barbie စိတ်တွေ ပိုလွတ်လပ်လာသလိုခံစားရတယ် ..  အခုမှ Barbie ရဲ့ Hype boy အစစ်ကို ရှာတွေ့သွားသလိုမျိုးလေ "

" Hype boy အစစ်က Niki လေ "

" ဟုတ်တယ် Zuha.. Niki ဘဲ "

" မဟုတ်ဘူး .. Zuha ပြောချင်တာက Hype boy အစစ်က Niki လို့ Zuha မဟုတ်ဘူး "

" ဟမ်? "

" ဟိုဘက်ကို လှည့်ကြည့်လိုက် "

Zuha က ကျွန်မပခုံးကို အနောက်သို့ လှည့်လိုက်တော့ ရွှေရောင်ဆံပင်ဖြင့် Niki ကိုတွေ့ရသည်။ သူ့ကြည့်ရတာ ရှို့တို့တို့ဖြစ်နေတဲ့ပုံဘဲ .. သူဘယ်အချိန်ကတည်းက ရောက်နေပါလိမ့်? မဟုတ်မှ ကျွန်မ ပြောတာတွေအကုန်လုံးကို သူကြားသွားပြီလား? အာ .. ရှက်လိုက်တာ !

✓ Hype B🏀y 🎧 SCHOOL 2023Onde as histórias ganham vida. Descobre agora