Chapter 4 : Hurt

229 31 7
                                    

Song suggestion : Hurt by NewJeans
(Single loop mode)

🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀

နောက်ပိုင်း နီခီနဲ့ကျွန်မ နည်းနည်းရင်နှီးလာတယ်ပြောရမလား? အခုထိတော့ နေရခက်သေးတယ်ဆိုပေမဲ့ ခေါ်ခေါ်ပြောပြောတော့ ရှိလာပါတယ်။
ပြီးတော့ ကျွန်မသူ့ကို စိတ်၀င်စားနေတယ်ထင်ရဲ့ .. သူ့ကို သဘောကျနေသလို ကျွန်မနှလုံးခုန်သံက သူ့ကိုတွေ့တိုင်း အသေခုန်လာတယ် .. လုံး၀ ထိန်းမရပါဘဲ။ ပြုံးမိတယ် .. သူ့အကြောင်းကို တွေးရုံနဲ့တင်

" ဟိတ် "

သူက ကျွန်မရှေ့ရောက်လာလေသည်။

" နင့်ကြည့်ရတာ ဒီတလော daydream ဖြစ်နေသလိုဘဲ .. ဘာတွေတွေးနေတာလဲ "

ပြောလိုက်ချင်တယ် .. သူ့ကြောင့်လို့ ..
ဒါပေမဲ့ အဲ့အစား ကျွန်မ သူ့မျက်လုံးတွေကိုဘဲ စိုက်ကြည့်နေခဲ့မိတယ်။

" ကြည့်ကြည့် .. အခုလည်း ငါ့ကိုကြည့်ပြီး နင်ကြောင်နေပြန်ပြီ "

" Do you know what I'm thinking? "

သူခေါင်းယမ်းပြသည်။ အင်း ဘယ်သိမလဲ?

" Nevermind.. see you later "

အတန်းစတော့မှာမို့ ကျွန်မ သူ့ကိုနှုတ်ဆက်ပြီး ထွက်ခဲ့တော့သည်။ အတန်းထဲရောက်တော့လည်း ကျွန်မစိတ်နဲ့ကိုယ်နဲ့ မကပ်နိုင်သေးပါ။ ခုံပေါ်ကိုသာ ခေါင်းတင်ရင်း အတွေးတွေကို နယ်ချဲ့နေမိသည်။ ဒီလိုနဲ့ ကျွန်မ သူ့ကို သဘောကျရာကနေ ချစ်မိသွားရင် ဘယ်လို လုပ်မလဲ?

" Byeol look at Niki "

Danielle က ကျွန်မ ခေါင်းကိုလာပုတ်သည်။ ကျွန်မသူပြတဲ့ဆီကို ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်နဲ့ Niki ... ဘေးချင်းယှဉ်ရပ်ပြီး လမ်းအတူလျှောက်နေတာဖြစ်သည်။ ခါတိုင်းဆို ဒီလိုပုံစံက သိပ်ထူးဆန်းဖို့မကောင်းပေမဲ့ Niki မို့လို့ ရေခဲတုံး Niki မို့လို့ အကုန်လုံးက ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ သူတို့နှစ်ယောက် ကျွန်မ တို့အခန်းရှေ့က ဖြတ်လျှောက်သွားတော့ ကျွန်မ အိန္ဒြေမထိန်းနိုင်စွာ အခန်းအပြင်သို့ထွက်သွားမိသည်။

သူတို့နှစ်ယောက်အနောက် ရပ်လိုက်မိတယ်ဆို ပိုမှန်မည်။

" Niki .. "

✓ Hype B🏀y 🎧 SCHOOL 2023Where stories live. Discover now