Chapter 3 : Hype boy!

252 34 5
                                    

Song suggestion : Hype Boy by NewJeans
(Single loop mode)

🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀

ကျွန်မ Niki ဆီက အရုပ်ရပြီးတဲ့နေ့ကတည်းက .. အဲ့နေ့က သူ့မျက်နှာကို ပြန်ပြန်တွေးရင်း ချွေးသီးတွေပြန်နေမိသည်။ emotional လုံး၀မရှိတဲ့ သူတစ်ယောက်ကလေ .. Loli pop နဲ့ ကျွန်မကိုပေစောင်းစောင်းကြည့်ပြီး ခေါင်းကို ကလေးတစ်ယောက်လို ပုတ်သွားတာက .. အား !! ရူးတော့မှာဘဲ ..

Noti**

ထိုအချိန် IG က noti ရလာသည်မို့ ကောက်ဖွင့်ကြည့်တော့ Hype boy က update ပေးထားတာဘဲ .. သူဆွဲထားတဲ့ ပန်းချီလေးကို post တင်ထားတာ ..

" ဂျို ..? ဂျိုကြီးလား? "

Unicorn ဂျိုလိုလို ချွန်မြမြ အရာတစ်ခုကို သူဆွဲထားလေသည်။ အရောင်ကတော့ lilac နဲ့ baby pink နှစ်ခုပေါင်းထားတာ .. caption ကတော့ 'Thanks 'တဲ့ .. သူဘာကိုဆိုလိုချင်တာပါလိမ့်? Anyway .. သူ့ပန်းချီတွေကတော့ အမြဲ ထူးခြားနေတာပါဘဲလေ .. သူနဲ့ စကားမပြောရလို့ လွမ်းနေတာ .. အခုလိုလေး update ပေးတော့ ပျော်တာပေါ့လို့ !! ဟီး မဖြစ်မနေ ပေးလိုက်ရမဲ့ Like ❤️ ..
comment တော့မရေးတော့ပါဘူး .. တော်ကြာနေ သူအာရုံနောက်သွားဦးမယ်။

ဟူး ~ Hype boy ရယ် .. ငါနင့်ကိုလည်း တွေးမိပြီး တပြိုင်နက် .. Niki ကိုပါတွေးမိနေတယ် ..
ငါတကယ် ဘာဖြစ်နေတာလဲ?

🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀

" Ready set go ! "

ထိုသို့ အော်ပြီးပြီးချင်း လေပေါ်သို့ မြောက်တက်သွားတဲ့ ကျွန်မရဲ့ ခန္တာကိုယ် .. ပြန်ကျချိန်မှာတော့ balanceကို ကောင်းကောင်းထိန်းနိုင်ခဲ့ပြီး .. တကွင်းလုံးရဲ့ လက်ခုပ်အားပေးသံတွေကိုလည်းကြားခဲ့ရသည်။

ဒီနေ့က မြို့နယ် Basketball ပြိုင်ပွဲကျင်းပတဲ့နေ့လေ .. လက်ထဲမှာ ပန်းစုပ်မွှားကို ကိုင်ထားပြီး ရှေ့ကနေ ဦးဆောင်နေတဲ့ ကျွန်မတို့ အသင်းအတွက် အင်းတိုက်အားတိုက် အားပေးနေခဲ့သည်။

1:1

ပြိုင်ဘက် အသင်းက တော်တယ်ပြောရမလား?
Daniel တို့ တော်တော်ထိန်းပြီးဆော့နေရသည်။
ဘယ်လိုလုပ်မလဲ?
ရှူံးတော့မှာဘဲ ..
တဖက်က အရမ်းကောင်းတာဘဲ
ထိုသို့သော စကားသံတွေ ကျွန်မနားထဲ ဆက်တိုက်၀င်လာလေသည်။
မဖြစ်သေးပါဘူး .. ကျွန်မတို့ကျောင်းက တခါမှရှုံးဖူးတာမဟုတ်ဘူး ..

✓ Hype B🏀y 🎧 SCHOOL 2023Where stories live. Discover now