chapter 2 : oh my oh my god!

353 36 0
                                    

Song suggestion : OMG by NewJeans
(Single loop mode)

🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀

Have you had breakfast?
seen

Hype boy
Umm...no


What?! You should eat right now.. It's 8 o'clock .. classes will start soon ..
seen

Hype boy
Ok... I will

Good
seen

ကျွန်မ ဖုန်းကိုပိတ်ပြီး အိတ်ထဲ ထည့်လိုက်တော့သည်။ ထိုအချိန် ကျွန်မဘေးနားကနေ ဖြတ်လျှောက်သွားတဲ့ ကောင်လေး တစ်ယောက် ...
သူ့ကျောပြင်ကို ကြည့်ရင်း ကြည့်ရင်း ကျွန်မ ရင်းနှီးလာသည်။ မဟုတ်မှ .. ဟို အပတ်က ကျွန်မ ကူညီပေးလိုက်တဲ့ကောင်လေးမလား? သူ့လက်ထဲမှာလည်း skateboard အသစ်နဲ့ နားကြပ်တပ်ထားပုံအရဆို .. ဟုတ်ပါပြီ သူဆိုတာ သေချာနေပါပြီ ..

" Excuse me~ "

ကျွန်မ ခေါ်တာသူမကြားပါ လမ်းဘဲ ဆက်လျှောက်နေလေသည်။ အဲ့ဒါနဲ့ ကျွန်မ သူ့ရှေ့ကိုသွားရပ်တော့ သူခြေလှမ်းတွေရပ်ကုန်သည်။ ပြီးတော့ တဖြည်းဖြည်း ကျွန်မကို မော့ကြည့်လာသည်။

" Hello ... "

ကျွန်မ နှုတ်ဆက်တော့ သူ့ရဲ့နားကြပ်တစ်ဖက်ကို ဖြုတ်ပေးလေသည်။ တော်ပါသေး ဆက်များတပ်ထားရင် ကျွန်မ မွန်းကြပ်လွန်းလို့သေတော့မှာ ..

" Do you remember me? I am .. "

ကျွန်မ ဘာမှမပြောရသေးခင် သူခေါင်းညိတ်ပြသည်။

" So .. anyway... "

ကျွန်မ လက်ဖြန့်ပြီး နှုတ်ဆက်ဖို့ ရည်ရွယ်လိုက်ပေမဲ့လည်း... သူက ဂျပန်တွေ ကျေးဇူးတင်စကားပြောသလို ခေါင်းကို ခါးအထိ ညွှတ်ရင်း ကျွန်မရှေ့ကနေ ထွက်သွားတော့သည်။

" ဘာလဲဟ .. သူ "

ကျွန်မသူ့နောက်ကို ဆက်မလိုက်နိုင်ဘဲ ထိုနေရာ၌သာ ရပ်၍ ကျန်ခဲ့ပါတော့သည်။ ခေါင်းတွေကိုက်လိုက်တာ .. အခု သူကျွန်မကို လျစ်လျူရှုသွားတာလား? ၀တ်ကြေတန်ကြေ ကျေးဇူးတင်စကားပြောသွားတာလား? ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာတော့မဟုတ်ပေမဲ့ .. အင်း အမှန်တိုင်းပြောရရင် အထင်ကြီးပါတယ် .. သူကျွန်မကို အနည်းဆုံး coffee တော့ လိုက်၀ယ်တိုက်သင့်တယ်မလား? အဲ့ကနေတဆင့် သူငယ်ချင်းတွေတောင် လုပ်လို့ရတာဘဲကို .. သူ့ကိုယ်သူ ဘာထင်နေလဲ .. အင်း မဆိုးတော့မဆိုးပါဘူး တော်တော်တော့ချောတယ် .. အရပ်ကလည်းရှည် ... ဟဲ့ ဂျူဗျော ညည်းဘာတွေတွေးနေတာလဲ? ဟိုကဖြင့် ညည်းကို အဖက်တောင်မလုပ်တာကို .. cool vibe ဖမ်းနေတဲ့ ကောင်တွေကို စိတ်မ၀င်းစားစမ်းပါနဲ့ဟာ (ဒါဆို Hype boyကိုရော) သူကတော့ ချွင်းချက် !

✓ Hype B🏀y 🎧 SCHOOL 2023Where stories live. Discover now