요 / 서 ပြောင်းနည်း♡

13 1 0
                                    

안녕하세요 !

မင်္ဂလာပါ

ဒီအပိုင်းမှာတော့မူလVerbsတွေထဲကနေ
요ပြောင်းနည်းကို
လေ့လာသွားမှာဖြစ်ပါတယ်

မူလ Verbဆိုတာက
다နဲ့ဆုံးတဲ့စာကြောင်းတွေကိုပြောတာပါ
အဲ့တာကိုမှ요နဲ့ဆုံးတဲ့စာကြောင်းဖြစ်အောင်ပြောင်းမယ့်နည်းတွေကိုလေ့လာသွားမှာပါ

နားလည်အောင်ပြောရရင်
သွားသည်➡️သွားတယ်
"သည်"နဲ့အဆုံးသတ်တာကနေ
စကား​ပြောတဲ့ "တယ်"နဲ့ဆုံးတဲ့စာကြောင်း
ဖြစ်အောင်ပြောင်းတာကိုပြောတာပါ

요ပြောင်းနည်းရဲ့အရေးကြီးဆုံးအချက်က

★다 နဲ့ဆုံးတဲ့မူလစာကြောင်းထဲက
다 ကိုဖြုတ်ပစ်ရမှာပါ

다ကိုဖြုတ်ပြီးရင်

(1) ㅗ,ㅏဆိုရင် 아ပေါင်း
အသတ်ပါ မပါကြည့်
အသတ်ပါရင် အတိုမချုပ်
အသတ်မပါရင် အတိုချုပ်မယ်

ဥပမာ~
오다(လာသည်)➡️오 + ㅏ = 와 +요(လာတယ်)
☆မူလစာကြောင်းထဲက다 ကိုဖြုတ်
ㅗ,ㅏထဲကㅗဆိုတော့ㅏနဲ့ပေါင်း
အသတ်မပါတော့ တန်းပြီးပေါင်း
နောက်ဆုံးမှာ요နဲ့ပေါင်းတော့
와요(လာတယ်)ဖြစ်သွားပါတယ်

팔다(ရောင်းသည်)
팔다➡️팔+아 = 팔아+요(ရောင်းတယ်)
☆မူလစာကြောင်းထဲက다 ကိုဖြုတ်
ㅗ,ㅏထဲကㅗဆိုတော့ㅏနဲ့ပေါင်း
အသတ်ပါနေတော့ တန်းပြီးပေါင်းမရဘူး
အဲ့တော့"ㅇ"ဗျည်းလေးကိုအကူခေါ်ပြီး
아ပေါင်းပေးရပါတယ်
နောက်ဆုံးမှာ요နဲ့ပေါင်းတော့
팔아요(ရောင်းတယ်)ဖြစ်သွားပါတယ်

가다(သွားသည်)
가다➡️ 가+ㅏ = 가+요(သွားတယ်)
☆မူလစာကြောင်းထဲက다 ကိုဖြုတ်
ㅗ,ㅏထဲကㅗဆိုတော့ㅏနဲ့ပေါင်း
အသတ်မပါတော့ တန်းပြီးပေါင်း

★ဒီနေရာမှာမှတ်ထားသင့်တာလေးက
ㅏက(2)ချောင်းဖြစ်နေတဲ့အတွက်
(1)ချောင်းပဲယူပါမယ်နော်
ㅓ(2)ချောင်းဆိုရင်လည်း
(1)ချောင်းပဲယူပါမယ်နော်

(2)တခြားသရတွေဆို 어
다ကိုဖြုတ်ပြီးတဲ့နောက်မှ"သရ"ကိုကြည့်တော့
ㅗ,ㅏမပါဘူးဆိုရင် ဘယ်သရပဲလာလာ
(ㅓ)ပေါင်းပေးရပါမယ်
ပြီးရင်တော့
အသတ်ပါ မပါကြည့်
အသတ်ပါရင် အတိုမချုပ်
အသတ်မပါရင် အတိုချုပ်မယ်

ဥပမာ~
먹다(စားသည်)
먹다➡️먹+어 = 먹어+요(စားတယ်)
☆မူလစာကြောင်းထဲက다 ကိုဖြုတ်
ㅗ,ㅏမပါတော့(ㅓ)နဲ့ပေါင်း
အသတ်ပါတော့ တန်းပြီးပေါင်းလို့မရ
(어)လေးနဲ့ပေါင်းပေးရပါမယ်
နောက်ဆုံးမှာ요လေးနဲ့ပေါင်းလိုက်တော့
먹어요(စားတယ်)ဖြစ်သွားပါတယ်

(3)하ဆိုရင်해တန်းပြောင်း

ဥပမာ~
좋아하다(ကြိုက်သည်)➡️좋아해요ကြိုက်တယ်
★အသတ်ပါလာရင်(ㅓ)ပဲပေါင်းရန်

(4) ㅣဆိုရင်ㅕတန်းပြောင်း

ဥပမာ~
느리다(နှေးသည်)➡️ 느려요(နှေးတယ်)

★အသတ်ပါလာရင်(어)ပဲပေါင်းရန်

(5) ㅡ(အွတ်ဆိုတဲ့သရ)ဆိုရင် ㅡကိုဖြုတ်
2လုံးပါရင်ရှေ့အလုံးကသရကိုကြည့်
ㅗ,ㅏဆိုရင်(ㅏ)
တခြားသရတွေဆိုရင်(ㅓ)
1လုံးတည်းဆိုရင်(ㅓ)ပဲပေါင်းရန်

★အသတ်ပါလာရင်လည်း(어)ပဲပေါင်းရန်

ဥပမာ~
나쁘다(ဆိုးသည်) ➡️나빠요(ဆိုးတယ်)
(ㅡ)ကိုဖြုတ်ပြီးရှေ့အလုံးကသရက(ㅏ)ဆိုတော့
(ㅏ)ပေါင်းပေးရပါတယိ

쓰다(သုံးသည်)➡️써요(သုံးတယ်)
(ㅡ)ကိုဖြုတ်ပြီးတဲ့နောက် 1လုံးတည်းကျန်တော့
(ㅓ)ပေါင်းပေးရပါတယ်

(6)~(ㅐ)(ㅕ)နဲ့ဆုံးရင်요တန်းကပ်ပေးပါ

ဥပမာ~
펴다(ဖွင့်သည်) ➡️펴요(ဖွင့်တယ်)

★အသတ်ပါလာရင်(어)ပဲပေါင်းရန်

(7)르နဲ့ဆုံးရင်(ㅡ)ကိုဖြုတ်
(ㄹ)နှစ်လုံးပွား ~1လုံးကိုအသတ်လုပ်

ဥပမာ~
빠르다(မြန်သည်)➡️ 빨라요(မြန်တယ်)
(ㅡ)ကိုဖြုတ်ပြီးတဲ့နောက်
(ㄹ)နှစ်လုံးပွား
ပွားလိုက်တဲ့အလုံးကို
ရှေ့မှာရှိတဲ့စကားလုံးရဲ့
သရအောက်မှာအသတ်အနေနဲ့ထည့်
빠မှာ(ㅏ)ပါနေလို့အနောက်မှာကျန်နေတဲ့
(ㄹ)မှာလည်း(ㅏ)လေးပေါင်းပေးရပါမယ်
အကယ်၍အရှေ့မှာ(ㅗ,ㅏ)သာမဟုတ်ဘူးဆိုရင်
(ㅏ)အစား(ㅓ)ပေါင်းပေးရပါမယ်

★အသတ်ပါလာရင်(어)ပဲပေါင်းရန်

★★★ဒီနေရာမှာမှတ်ထားသင့်တာလေးက
요ပြောင်းတော့မယ်ဆိုရင်
အသတ်သံပါလာခဲ့ရင်
ㅗ,ㅏဆိုရင်(아)
ကျန်တာအားလုံးဆိုရင်(어)ပေါင်းပေးရပါမယ်

☆ 서(လို့ /ပြီး )
(서)ပြောင်းနည်းကလည်း
(요)ပြောင်းနည်းအတိုင်းပါပဲ(요)နေရာလေးမှာ
(서)လေးပြောင်းထည့်လိုက်ရင်ရပါပြီ

☆요ပြောင်းနည်း(V2)(ခဲ့တယ်)
요ပြောင်းနည်းအတိုင်းပြောင်းလိုက်ပါ။
အဆုံးသတ်မှာသတိထားပါ(ㅆ)သတ်လေးနဲ့
(어요)ပါ ။

ဥပမာ~

보다 ➡️ 봐요 ➡️봤어요
(ကြည့်သည်)➡️(ကြည့်တယ်)➡️(ကြည့်ခဲ့တယ်)


written by Kody wev ♡

Learn Korean ♡Where stories live. Discover now