The Korean Vowels ♡

43 1 0
                                    

안녕하세요 !

မင်္ဂလာပါ

ဒီအပိုင်းမှာတော့ကိုရီးယားဘာသာစကားရဲ့
သရတွေကိုလေ့လာသွားမှာဖြစ်ပါတယ်

ကိုရီးဘာသာစကားရဲ့သရမှာဆိုရင်
အခြေခံသရ 10လုံးနဲ့
ဆင့်ပွားသရ 11လုံးရှိပါတယ်
အားလုံးပေါင်း21လုံးရှိပါတယ်

☆အခြေခံသရ 10 လုံး

ㅏ= အာ

ㅓ= အော

ㅗ= အို

ㅜ= အူ

ㅑ= ယာ

ㅛ= ယော

ㅛ= ယို

ㅠ= ယူ

ㅡ= အွတ်

ㅣ= အီ

အလွယ်မှတ်နည်း~
(အာအောအိုအူ ယာယောယိုယူအွတ်အီ)

☆ပေါင်းစပ်သရ 11 လုံး

ㅐ= အယ်

ㅒ= ယယ်

ㅔ= အဲ

ㅖ= ယဲ

ㅗㅏ= ဝါ(အိုနဲ့အာနဲ့ပေါင်း=ဝါ)

ㅗㅣ= ဝယ်(အိုနဲ့အီနဲ့ပေါင်း=ဝယ်)

★အရေးကြီးမှတ်ထားသင့်တာက
အိုနဲ့အီနဲ့ပေါင်းရင် အသံထွက်ကဝီဖြစ်ရမှာ
ဒါမဲ့ခြွင်းချက်အနေနဲ့
"ဝယ်" လို့အသံထွက်ပေးရပါမယ်

ㅗㅐ= ဝယ်(အိိုနဲ့အယ်နဲ့ပေါင်း=ဝယ်)

ㅜㅓ= ဝေါ(အူနဲ့အောနဲ့ပေါင်း=ဝေါ)

ㅜㅔ=ဝဲ(အူနဲ့အဲနဲ့ပေါင်း=ဝဲ)

ㅜㅣ=ဝီ(အူနဲ့အီနဲ့ပေါင်း=ဝီ)

ㅡㅣ=အွီ(အွတ်နဲ့အီနဲ့ပေါင်း= အွီ)

အလွယ်မှတ်နည်း~
(အယ်ယယ်အဲယဲ ဝါဝယ်ဝယ် ဝေါဝဲဝီအွီ)

ကိုရီးယားဘာသာစကားရဲ့သရတွေ(vowels)ကို
(모음 mo-eum)လို့ခေါ်ပါတယ်

written by Kody wev ♡

Learn Korean ♡Where stories live. Discover now