ဗျည်း + သရ ♡

35 1 0
                                    

안녕하세요 !

မင်္ဂလာပါ

ဒီအပိုင်းမှာတော့ဗျည်းနဲ့သရ
ပေါင်းပုံပေါင်းနည်းကို
လေ့လာသွားမှာဖြစ်ပါတယ်

အရင်ဆုံးအခြေခံသရနဲ့ဗျည်းနဲ့
ပေါင်းစပ်ပုံကိုလေ့လာသွားပါမယ်

☆ဗျည်းနဲ့ 1ချောင်းသရပေါင်းရင်
1 သံပဲထွက်ပေးရပါတယ်

(ㄷ)ဗျည်းလေးကို
ဥပမာအနေနဲ့ 1‌ချောင်းသရလေးတွေနဲ့

ပေါင်းသွားကြည့်ရအောင်

ㄷ+ㅏ=다 (ဒ+အာ=ဒါ)

ㄷ+ㅓ=더 (ဒ+အော=ဒေါ)

ㄷ+ㅗ=도 (ဒ+အို=ဒို)

ㄷ+ㅜ=두 (ဒ+အူ=ဒူ)

ㄷ+ㅡ=드 (ဒ+အွတ်=ဒွတ်)

ㄷ+ㅣ=디 (ဒ+အီ=ဒီ)

★အရေးကြီးတာလေး​ရှိပါသေးတယ်နော်
ကိုရီးယားအသံမှာ (စီ)ဆိုတာမရှိပါဘူး
(ရှီ)ဆိုတာပဲရှိတာမို့
(ㅅ)ဆိုတဲ့ဗျည်းကို
(ㅣ)ဆိုတဲ့သရနဲ့ပေါင်းရင်
စီလို့အသံထွက်ပေးရမယ့်အစား
ရှီလို့အသံထွက်ပေးရပါမယ်

☆(ㄷ)ဗျည်းလေးကိုပဲ
ဥပမာအနေနဲ့ 2 ချောင်းသရလေးတွေနဲ့
ပေါင်းသွားကြည့်ရအောင်

ㄷ+ㅑ=댜(ဒ+ယာ=ဒယာ)

ㄷ+ㅕ=뎌(ဒ+ယော=ဒယော)

ㄷ+ㅛ=됴(ဒ+ယို=ဒယို)

ㄷ+ㅠ=듀(ဒ+ယူ=ဒယူ)

☆ဗျည်းနဲ့ 2 ချောင်းသရပေါင်းတာမို့
2သံထွက်ပေးရပါတယ်

အပေါ်ကအခြေခံသရ10လုံးကို
(ㄷ)ဆိုတဲ့ဗျည်းလေးနဲ့ပေါင်းပြထားတာပါ

★ခြွင်းချက်အနေနဲ့
ㄴ,ㅁ,ㅂ,ㅅ,ㅍ,ㅃ,ㅆဆိုတဲ့ဗျည်း(7)လုံးဟာ
2ချောင်းသရနဲ့ပေါင်းပေမယ့်
1သံပဲထွက်ပေးရမယ်။
ဥပမာ~
ㄴ +ㅑ  =  냐  (ညာ)(နယာလို့မထွက်ရဘူး)

ㅁ +ㅑ  =  먀  (မြာ)(မယာလို့မထွက်ရဘူး)

ㅂ +ㅑ  =  뱌  (ဗျာ)(ဗယာလို့မထွက်ရဘူး)

ㅅ +ㅑ  =  샤  (ရှာ)(စယာလို့မထွက်ရဘူး)

ㅍ +ㅑ  =  퍄  (ဖျာ)(ဖယာလို့မထွက်ရဘူး)

ㅃ +ㅑ  =  뺘  (ပြာ)(ပယာလို့မထွက်ရဘူး)

ㅆ +ㅑ  =  쌰  (ရှာ)(ဆယာလို့မထွက်ရဘူး)

ဆိုပြီးဖြစ်သွားပါတယ်

ဒါကဥပမာအနေနဲ့ ㅑ(ယာ)ဆိုတဲ့2ချောင်းသရနဲ့
ပေါင်းပြပေးထားတာပါ

ခြွင်းချက်ဗျည်း(7)လုံးနဲ့
2ချောင်းသရတွေနဲ့ပေါင်းကြည့်တဲ့အခါ~

(냐,녀,뇨,뉴) ညာ ညော ညို

(먀,며,묘,뮤) မြာ မြော မြို မြူ

(뱌,벼,뵤,뷰) ဗျာ ဗျော ဗျို ဗျူ

(샤,셔,쇼,슈) ရှာ ရှော ရှို ရှူ

(뺘,벼,뵤,뷰) ပြာ ပြော ပြို ပြူ

(쌰,쎠,쑈,쓔) ရှာ ရှော ရှို ရှူ

ဆိုပြီးတစ်သံပဲထွက်​ပေးရပါမယ်

ကျန်တဲ့ဗျည်းတွေကတော့
2ချောင်းသရတွေနဲ့ပေါင်းတဲ့အခါ
(2)သံထွက်ပေးဖို့လိုအပ်ပါတယ်
ဂရုစိုက်ပေးပါ

☆ပေါင်းစပ်သရ 11လုံးကိုလည်း
(ㄷ) ဆိုတဲ့ဗျည်းလေးနဲ့ပေါင်းကြည့်ကြရအောင်

ㄷ+ㅐ=대(ဒ+အယ်=ဒယ်)

ㄷ+ㅔ=데(ဒ+အဲ=ဒဲ)

ㄷ+ㅖ=뎨(ဒ+ယဲ=ဒယဲ)

ㄷ+ㅗㅏ=돠(ဒ+ဝါ=ဒွာ)(ဒါလို့မထွက်ရဘူး)

ㄷ+ㅗㅣ=되(ဒ+ဝယ်=ဒွယ်)(ဒယ်လို့မထွက်ရဘူး)

ㄷ+ㅗㅐ=돼(ဒ+ဝယ်=ဒွယ်)(ဒယ်လို့မထွက်ရဘူး)

ㄷ+ㅜㅓ=둬(ဒ+ဝေါ=ဒွေါ)(ဒေါလို့မထွက်ရဘူး)

ㄷ+ㅜㅔ=뒈(ဒ+ဝဲ=ဒွဲ)( ဒဲလို့မထွက်ရဘူး)

ㄷ+ㅜㅣ=뒤(ဒ+ဝီ=ဒွီ)(ဒီလို့မထွက်ရဘူး)

written by Kody wev ♡

Learn Korean ♡Where stories live. Discover now