အသတ်သံများ (Final Consonants) ♡

33 1 0
                                    

안녕하세요 !

မင်္ဂလာပါ

ဒီအပိုင်းမှာတော့ကိုရီးယားဘာသာစကားရဲ့
အသတ်သံတွေကို
လေ့လာသွားမှာဖြစ်ပါတယ်

ကိုရီးယားဘာသာစကားမှာဗျည်းနဲ့သရပေါင်းရုံနဲ့
စာလုံး စာကြောင်းတည်ဆောက်လို့မရပါဘူး ။
အသတ်တွေဆိုတာရှိပါတယ်

မြန်မာဘာသာစကားမှာတော့အသတ်တွေကို
အပေါ်မှာရေးကြပေမယ့်
ကိုရီးယားဘာသာစကားမှာတော့အသတ်တွေကို
သရအောက်တည့်တည့်မှာရေးရပါတယ်

Example : 수박 (ဖရဲသီး)

ဒီစကားလုံးမှာဆိုရင် ဆ+အူ =ဆူ
ပြီးတော့ ဘ+အာ = ဘာ
အဲ့(바 =ဘာ)အောက်မှာရှိနေတာလေးကို
အသတ်လို့ခေါ်ပါတယ်
တိတိကျကျပြောရရင် (ㄱ = ဂ)အသတ်လေးပေါ့

ပြန်​ပေါင်းကြည့်ရင်
ဆ+အူ =ဆူ
ဘ+အာ=ဘာ ,ဘာကိုဂသတ်တော့ ဘာဂ့်
~ဆူဘာဂ့် (ဆူဘာဂ့်ဆိုတာဖရဲသီးပါ)

☆အသတ်သံ 7 မျိုး

1: ㄱ, ㅋ, ㄲ, ㄳ, ㄺ ~ (ဂ ,ㄱ) ဂ့်

2: ㄴ, ㄵ, ㄶ ~ (န,ㄴ) န်း

3: ㄷ, ㅌ, ㅅ, ㅆ, ㅈ, ㅊ, ㅎ ~ (ဒ,ㄷ) ဒ့်

4: ㄹ, ㄹㅅ, ㄼ, ㄾ, ㅀ~ (လ,ㄹ)
လျှာလိပ်/သံရှည်ဆွဲ

5: ㅁ, ㄻ ~ (မ,ㅁ) မ်း(နှာပွင့်သံ)

6: ㅂ, ㅍ, ㄹㅂ, ㅄ, ㄿ ~ (ဘ,ㅂ) ဘ့်

7: ㅇ~ (င,ㅇ)င်း (ပေါက်ကွဲသံ)

~~~

မြန်မာမှာ ရေးတော့အမှန် ဖတ်တော့အသံ
ဆိုတာရှိသလို ကိုရီးယားဘာသာစကားမှာလည်း
ရှိပါတယ်နော်

တစ်ခုချင်းဆီကိုပြန်ရှင်းပြရရင်

ㄱ, ㅋ, ㄲ, ㄳ, ㄺ
ဒီဗျည်းတွေကအသတ်နေရာမှာရှိနေရင်
(ဂ ,ㄱ) ဂ့် ~ဂအသတ်သံပဲထွက်ပေးရပါမယ်

ㄴ, ㄵ, ㄶ
ဒီဗျည်းတွေကအသတ်နေရာမှာရှိနေရင်
(န,ㄴ) န်း ~နအသတ်သံပဲထွက်ပေးရပါမယ်

ㄷ, ㅌ, ㅅ, ㅆ, ㅈ, ㅊ, ㅎ
ဒီဗျည်းတွေကအသတ်နေရာမှာရှိနေရင်
(ဒ,ㄷ) ဒ့် ~ဒအသတ်သံပဲထွက်ပေးရပါမယ်

ㄹ, ㄹㅅ, ㄼ, ㄾ, ㅀ
ဒီဗျည်းတွေကအသတ်နေရာမှာရှိနေရင်
(လ,ㄹ) လ် ~လအသတ်သံပဲထွက်ပေးရပါမယ်

ㅁ, ㄻ
ဒီဗျည်းတွေကအသတ်နေရာမှာရှိနေရင်
(မ,ㅁ) မ်း ~မ်းလို့အသံထွက်ပေးရပါမယ်

ㅂ, ㅍ, ㄹㅂ, ㅄ, ㄿ
ဒီဗျည်းတွေကအသတ်နေရာမှာရှိနေရင်
(ဘ,ㅂ) ဘ့်~ဘ့်လို့အသံထွက်ပေးရပါမယ်

★(ㅇ)
၀ဆိုတဲ့ဒီဗျည်းလေးက
ဗျည်းအနေနဲ့ဆိုရင် "အ"ဖြစ်ပြီး
အသတ်နေရာကိုရောက်တဲ့အခါ
"င"ဖြစ်သွားပါတယ်
အသံထွက်အနေနဲ့ကတော့ "င်း"ဆိုတဲ့
ပေါက်ကွဲသံထွက်ပေးရပါမယ်

အသတ်သံတွေကို
ကိုရီးယားလို Batchim (받침)လို့ခေါ်ပါတယ်



written by Kody wev ♡

Learn Korean ♡Where stories live. Discover now