အပိုင်း ၆

4.9K 130 11
                                    

EP 6

လွန်းလောကကြီးနဲ့အဆက်သွယ်ပြတ်သွားတာဘယ်လောက်ကြာမှန်းမသိတော့ပါ

လွန်း မျက်လုံးလေးကိုအသာလေးဖွင့်မိတော့ မြင်လိုက်ရတာက လွန်းသိပ်မုန်းတဲ့ထိုသူမျက်နှာ..

လွန်းတဖက်ကိုမျက်နှာလွှဲလိုက်တော့ မေမေကဘေးမှာထိုင်နေသည်။

"ဟင်..မေမေ ငိုထားတာလား"

မေမေမျက်ဝန်းအိမ်မှာမျက်ရည်လေးများအပြည့်။

လွန်းသိပ်မှားသွားတာပဲ ကိုယ့်အတွက်ပဲတွေးပီး မိဘတွေကိုထည့်မစဥ်းစားမိခဲ့လေဘူး

"သားလေး...ဘယ်လိုဖြစ်ရတာလဲကွယ်..မေမေ့မှာစိတ်ပူလိုက်ရတာ.."

"သား အဆင်ပြေပါတယ်မေမေ စိတ်မပူနဲ့နော် သားတောင်းပန်ပါတယ်"

"မဟုတ်တာသားရယ်..မေမေသားလေးသာတခုခုဖြစ်ရင်မေမေ လောကကြီးမှာအသက်ဆက်...."

လွန်း မေမေကိုစကားဆုံးအောင်ပြောခွင့်မပေးတော့ပါ မေမေ့ပါကိုရွတ်ကနေအောင်နမ်းပီးပြုံးလိုက်ကာ

"မေမေကိုသားကဘာမှဖြစ်ခွင့်မပေးဘူးမေမေ"

လွန်း မုန်းတံတိုင်း ဘက်သို့လှည့်ကာ

"ပွဲကိုစလိုက်ကြရအောင် "

"ဟုတ်ပီ လွန်း"

မုန်းသိတယ်လွန်းကသူ့မိဘကိုစိတ်မပျက်စေရဘူးဆိုတာ ဒါကြောင့်တမင်သူစိတ်ပြောင်းစေအောင်လုပ်ခဲ့တာပဲဖြစ်သည်။

......
........

မင်္ဂလာစင်ပေါ်တွင် ငယ်ရွယ်ပီးချောမောလှတဲ့သတို့သားဟာအဖြူရောင်သတို့သားဝတ်စုံနှင့်လိုက်ဖက်စွာခန့်ညားနေသည်။

မျက်နှာတွင်အပြုံးအရယ်မရှိပေမယ့် မာကြောနေသည်မဟုတ်ပဲ တည်တဲ့လှသည်

တောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့ စင်ထက်တွင်ရပ်နေသောသတို့သားအကြည့်တို့က အခန်းမဝင်ပေါက်တွင်သာ

ခနအကြာမှာတော့မုန်းမျက်နှာထက်မှာအပြုံးပန်းလေးတွေဝေဆာလာခဲ့တယ်။

အကြောင်းကတော့ မြင်လိုက်ရတဲ့အဖြူရောင်ပုံရိပ်လေးကြောင့်...

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now