​အပိုင်း ၃

5.6K 155 2
                                    

ကြားလိုက်ရတဲ့အသံကြောင့်ကားတံခါးကိုအမြန်ဖွင့်ပီးကားပေါ်ကဆင်းလိုက်သည်။မြင်လိုက်ရတဲ့မြင်ကွင်းက

"ကျွန်တော် တောင်းပန်ပါတယ် ဗျ ဟိုအကိုကြီးကားကမထင်မှတ်ပဲရပ်လိုက်တော့ အရှိန်မထိန်းနိုင်ပဲ တိုက်မိသွားတာပါ ခဗျ"

လွန်းခွေးလေးတွေကိုအစာကြွေးပီးအပြန် ရှေ့က ကားကရုတ်တရက်ရပ်လိုက်ကာ အရှိန်မထိန်းနိုင်ပဲဝင်တိုက်မိသွားတာကြောင့်လွန်းတောင်းပန်နေသည်။

ဒါကိုမကြေနမ်ဟန်ဖြင့်ထိုသူက

"ဒီမှာကောင်လေး မင်းဒီကားရဲ့တန်ဖိုးကိုသိလား ဟမ် မင်းကြောင့်အခု ငါ့ကားဆေးပွန်းသွားပီကွ ဒီကားကပီးခဲ့တဲ့အပတ်ထဲကမှဝယ်ထားတာ"

"ကျွန်တော် ကုန်ကျစရိတ်ကိုရော်ပေးပါ့မယ်"

"ဘာကွ မင်းကငွေစကားပြောတာလား မင်းပုံစံကဘလောက်ရော်နိုင်မှာမလို့လဲဟမ် ဒီသောက်ကလေး လူကိုလာပီးငွေစကားပြောနေတယ် ငါလုပ်လိုက်ရ"

အင်္ကျီကော်လံစလေးကိုကိုင်ပီးလက်ရွယ်ကာပြောလာတဲ့ရှေ့ကလူကြီးကြောင့်လွန်းခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည်။

ထိုမျှလောက်ပိုက်ဆံကဘာမှမဖြစ်ပေမယ့် ဒီလိုမျိုးအထိတ်တလန့်တွေဖြစ်လာရင် လွန်းအလွန်ကြောက်မိတာ အမှန်ပါ လူတွေနဲ့ရောရောနောနောမနေတက်သည့်လွန်းအခုတော့အခက်တွေ့ကာပြောစရာစကားတေပျောက်ရှနေသည်။

ထိုအဖြစ်အပျက်တွေကိုကားကိုမှီကာရပ်ကြည့်နေသည့်မုန်းတံတိုင်း
တဖက်လူကဖိနှိပ်ပြောနေတဲ့အပြင်ကောင်လေးရဲ့ကော်လံစကိုဆွဲကာလက်နဲ့ရွယ်တဲ့အခါမှာတော့မျက်မှောင်ကုတ်၍

"ဖိုးရှန်အခုမြင်နေရတဲ့ကားကိုအကောင်းတိုင်းငါမမြင်ချင်ဘူး သွားအခု"

"ဟုတ်ကဲ့ပါ ဆရာ"

အမိန့်ရသည်နှင့်တပြိုင်နက်ဖိုးရှန်ကားထဲကထွက်၍ ကားနောက်ခန်းကအသင့်ပါလာတဲ့ တုတ်ကိုယူကာလားလမ်းဖြတ်ကူးပီး ထိုကားနားကိုဦးတည်သွားလိုက်သည်

"ခွမ်း!.....ဒုန်း!............ခွမ်း....ခွမ်း! !!"

လွန်းလန့်သွားသည်ရုတ်တရက်ကြားလိုက်ရသည်အသံကြောင့်ကြည့်လိုက်တော့စောနကလွန်းဝင်တိုက်မိသည့်ကားလေး

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now