အပိုင်း ၂

6K 137 0
                                    

ဒေါသတို့ကိုမြိုသိပ်ကာထိုနေမှမောင်းထွက်လာသည့်မုန်းတံတိုင်း

"မကြာခင်မင်းကကိုယ့်အပိုင်ဖြစ်လာစေရမယ်"

စူးရှသည့်အကြည့် ချွန်ထက်တဲ့နှာတံရဲ့အောက်မှာပနာတင့်စွာစေ့စေ့ပိတ်ထားတဲ့နှုတ်ခမ်းကနေထွက်ကြလာတဲ့ထိုစကား...

တွန့်ချိုးနေသည့်မျက်ခုံးအစုံတို့ကလည်းယခုချိန်ထိပြေလျှော့ခြင်းအလျှင်းမရှိပါပဲမောင်းလာသည့်ကားလေးရဲ့ဦးတည်ရာက လွန်းစစ်သွေး တို့အိမ်

........
........

တိုက်ခက်လာတဲ့လေပြေညှင်းလေတွေနဲ့အတူလွန်းနှုတ်ဖျားမှထွက်ကျလာသည့်စကား

"ကိုယ်တို့လမ်းခွဲကြရအောင်သစ္စာ"

"ရှင်..ကို.ဘာပြောလိုက်တယ်"

ထွက်ပေါ်လာတဲ့ချစ်ရသူရဲ့အသံလေး

"ကို...ကိုယ်.တောင်းပန်ပါတယ်သစ္စာ "

"ဟင့်အင်း...ကို..သစ္စာကိုမနောက်ပါနဲ့ ကိုရယ် ဟင့်..အလိုကြီး မစပါနဲ့လားဟင်"

ငိုသံရောရှိုက်သံပါရောရှက်နေသည့်ချစ်ရသူရဲ့အသံလေး
လွန်း ရင်ထဲဆစ်ကနဲနေအောင်နာကြင်ရပါသည်။

"ဖြေရှင်းချက်ပေး ကို ...သစ္စာကို ဖြေရှင်းချက်လေးတော့ပေးပါ"

တိတ်ဆိတ်နေမိသည်။ ကို့စီကဖြေရှင်းချက်ကိုလိုချင်သည်တဲ့လား

ဘလိုပြောထွက်ရက်ပါ့မလဲ။ သူ့ကိုလမ်းခွဲပီးယောကျာ်းတယောက်နဲ့လက်ထက်ရမယ့် အကြောင်းကိုလေ။

မနေ့ညက တညလုံးထိုကိစ္စကိုသေချာစဉ်းစားမိသည်။

အဖြေကဘယ်လိုပဲဖြစ်ဖြစ်နောက်ဆုံး ဆုံးဖြတ်လိုက်ရသည်ကထိုသူကိုလွန်းလက်ထက်ရန်ပင်ဖြစ်သည်။

"ကိုယ့်..လက်ထက်ရတော့မယ် သစ္စာ ဖေဖေစီစဉ်တဲ့မင်္ဂလာပွဲကို ကိုယ်​ငြင်းလို့မရတော့ဘူး"

"ကို.. ရယ် သစ္စာကိုယ့်ကိုချစ်တယ် မခွဲနိုင်ဘူး ဟင့်..မထားခဲ့ပါနဲ့"

"မရတော့ဘူးသစ္စာ ကိုယ်တို့နှစ်ယောက်မှားခဲ့ကြပီ အခြေနေတွေကလွန်ကုန်ပီ ကိုယ့်ကိုခွင့်မလွှတ်ပါနဲ့ကွာ"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now