အပိုင်း ၁

9.3K 216 7
                                    

သေလောက်အောင်မုန်းတယ်​​သေသည်ထိချစ်မယ်

EP 1

"ဘာ!လက်ထက်ကမယ်ဟုလားဖေဖေ ပီးတော့ယောကျ်ားတယောက်နဲ့"

"ဟုတယ်သား မင်းလက်ထက်မှရမယ်ငြင်းပိုင်ခွင့်မရှိဘူးသား"

ကျယ်ဝန်းလှတဲ့ခြံကြီးထဲရှိသုံးထပ်တိုက်တလုံးထိုအိမ်ကြီးရဲ့ဒုတိယထက်ကဧည့်ခန်းထဲတွင်တော့မိသားစုသုံးယောက်မိခင်ဖြစ်သူကတော့ပါးပြင်ထက်ကမျက်ရည်များစွာကအတားဆီးမရှိကြဆင်းကာတဦးတည်းသောသားလေးလွန်းစစ်သွေးရဲ့လက်လေးကိုဆုပ်ကိုင်ထားလေသည်။

ဖခင်ဖြစ်သူဦးအောင်မြတ်သွေးကတော့ သူရဲ့သားအား အားနာစွာဖြင့် လက်ထပ်ရမည့်အကြောင်းကိုပြောနေသည်။

တုန်လှုပ်ချောက်ခြားမှုများစွာနဲ့လွန်းစစ်သွေးဟာ သူအမေရဲ့လက်ထဲကသူ့လက်ကိုဆွဲထုပ်ကာ ထရပ်ပီး...

"သားလုံးဝလက်မထက်နိုင်ဘူးဖေဖေ ဒါဟာဘယ်နည်းနဲ့မှသဘာဝမကြဘူး ဘာအကြောင်းရင်းကြောင့်မှန်းမသိသားကိုလက်ထပ်ခိုင်းတယ် ပီးတော့ယောကျာ်းတယောက်နဲ့ မျက်နှာတောင်မမြင်ဘူးတဲ့သူတယောက် သားလုံးဝသဘောမတူဘူး"

လွန်းစစ်သွေး လုံးဝလက်မခံနိုင်ပါ။ တဦးတည်​ေသာသားဖြစ်ပေမယ့် မိဘအပေါ်တခါမှပြန်မပြောဘူးတဲ့ လွန်းစစ်သွေး ဟာအခုတော့သူကိုမတောင်းပန်ရုံတမယ်ပြောနေတဲ့ ဖခင်ရဲ့စကားကိုလွန်ဆန်မိသည့်အပြင်ပြန်ခံပြောနေမိပါသည်။

"သား ဖေဖေရဲ့ companyကအရင်လိုမဟုတ်တော့ဘူးသား ပီးတော့ရှယ်ယာရှင်တွေကလည်းရှယ်ယာတွေပြန်ထုပ်ချင်နေကြတယ် ...မင်းအမေကလည်းကျမ်းရေးကနှလုံးခွဲစိတ်မှရမယ်သား ပီးတော့အဖေတို့အခုအိမ်ကိုလည်းပေါင်ထားတယ် အဲ့တော့သား လက်ထက်မှရမယ် ဖေဖေတောင်းပန်ပါတယ် ဒီလိုလုပ်တာသားအတွက်မတရားမှန်းသိပေမယ့်ပေါ့ အဖေဒီလိုမလုပ်ရင်မင်းအမေဆေးကုစရာမရှိဖြစ်သွားမယ်သားအဖေတောင်းပန်ပါတယ်"

ဘာတွေဖြစ်ကုန်တာလဲလွန်းတကယ်မသိတော့ပါအိမ်စီးပွားရေးအ​ခြေနေမကောင်းတာသိပေမယ့်ဒီလောက်ကြီးဖြစ်လိမ့်မယ်မထင်မိ။ ဒါတွေထက်ဆိုးတာကမေမေ ဘယ်ချိန်ကစဖြစ်နေမှန်းမသိတဲ့မေမေ့ရဲ့နှလုံးရောဂါ ဘာတဲ့နှလုံးအစားထိုးကုသရမယ်.....

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now