-- 35 --

1.1K 102 38
                                    

#Zawgyi

အနက်ရောင်နဲ့လူအား ရင်းရင်းနှီးနှီးကြီးသိပါတယ်
လို့ KimSeokJinတို့စဉ်းစားနေတာနောက်ဆုံး
မှ သောက်ကျိုးနည်း
JungHoSeokမှန်း သတိရ....

တနည်း J-Hopeဆိုတဲ့နာမည်ဖြင့်
တစ်မ္ဘာလုံးမှာလျှမ်းလျှမ်းတောက်
အောင်မြင်နေတဲ့ Solo idolတစ်ဦး

ဝေါင်း.....ဒေါက်တာလေးက မထင်ရဘူး
တစ်ကမ္ဘာလုံးက သဲသဲလှုပ်ရတဲ့
ဒိတ်ဒိတ်ကြဲ IDolကြီးကို ရည်းစားတော်ထားရ
တာ နည်းနည်းနောနော ကံကောင်းမှုမျိုးတော့
မဟုတ်ချေဘူး....

ဒါကြောင့် ဘယ်သူဘယ်ဝါဆိုတာ
နည်းနည်းလေးမှစုံစမ်းလို့မရအောင်
သတင်းတေဖုံးထားတာကိုး...J-Hopeဆိုတာ
ဘယ်သူမို့....Sunshine Groupရဲ့ အငယ်ဆုံး
သားဖြစ်ပြီး မိခင်ဖြစ်သူကလည်း
Media လောကရဲ့ No.1 Hope Mediaရဲ့
သခင်မဆိုတော့ အစအနတောင်ရှာမရတာ
မအံ့သြတော့ပါဘူးလေ......

နောက်ခါကြုံမှ တမင်ကြုံတဲ့အခါ
ဒေါက်တာလေးကို ခြိမ်းခြောက်ပြီးမေးရပါဦးမယ်
ငွေကြယ်ပွင့်ကြီးရဲ့ ရည်းစားဘယ်လိုဖြစ်သွား
တာလဲဆိုပြီး.....

" ဟေ့ ကောင် SeokJin "

Club VIP Roomထဲ ဖဲရိုက်နေကြတဲ့
လူယဉ်ကျေး တို့အုပ်စု အခန်းထောင့်ကပ်ကာ
Gameဆော့နေတဲ့  JungKookအော်သံကြောင့်
တုန်ကနဲဖြစ်သွားရ၏...

" ဘာတုန်းဟ အလန့်တကြား "

" ဖုန်းဖွင့်ကြည့်ဦး မင်းနဲ့ဒေါက်တာလေး
သတင်းတေ ပွက်လောရိုက်နေပြီ "

" ဘာပေါတာလဲ  "

JungKookအား နားမလည်စွာ SeokJin
မော့ကြည့်တဲ့အခိုက်
Choi YeonJunတစ်ယောက်
SeokJinလက်ထဲက ဖဲကို ခိုးကြည့်၏...

" အုန်း.....ငါသိနေတယ် သောက်ကျင့်ကိုက "

ရမလားလို့ ခိုးကြည့်တာ နားရင်းအချခံ
လိုက်ရတာပဲ အဖက်တင်တဲ့ YeonJun
လေးမပျော်တော့ဘူး....

" ဒီမှာကြည့် "

အနားကိုလာကာ မျက်စိရှေ့ထိုးပေးလာတဲ့
ဖုန်းကိုကြည့်လိုက်တဲ့အခါ KimSeokJin
တို့မျက်လုံးတေပြူးသွား ရသည်...

" ဒါက..ဘယ်လို ဘာတေဖြစ် "

နေ့လည်က ဆေးရုံမှာ သူ့ကိုဒေါက်တာလေး
ဆေးထည့်ပေးတဲ့ပုံကစ ခေါင်မိုးထပ်မှ
ပုံရိပ်တေအားလုံးကို ရှင်းရှင်းလင်းလင်းနဲ့
ရိုက်ယူထားတာ ဘယ်လိုZoomချဲ့ကြည့်ကြည့်
ကြည်လင်နေအောင်မြင်နေရတာက ဆန်းကျယ်
သွားပြီ....

Dear Uncle Joon Where stories live. Discover now