-- 27 --

741 102 79
                                    

#Zawgyi


စာမေးပွဲပြီးကတည်းက ကင်ဆော့ဂျင်တို့အိမ်မကပ်တာ
အခုဆို၁လရှိပြီဖြစ်၏ အတိအကျပြောရမယ်ဆို Korea
မှာကိုရှိမနေတာပင်!! ဘော်ဒါတစ်အုပ်နဲ့ကမ္ဘာပတ
်နေတယ်ပေါ့သေချာပေါက်တစ်စုံတစ်ယောက်ကြီးကိုမေ့နေတာကလည်းငြင်းမရတဲ့အမှန်တရားထဲပါတယ်ပေါ့လေ

အခုလည်းကင်ဆော့ဂျင်တို့ NewYork ရဲ့နာမည်ကြီး
Club ထဲမှာစည်းစိမ်ရစ်နေခြင်းပေ VVIPခန်းထဲ
မထွက်တန်းအောင်းနေတာ၃ရက်တောင်ရှိနေပေါ့
Club ရဲ့အခန်းဆိုလို့ ရိုးရိုးလေးမထင်နဲ့ အခန်းအကျယ်ကြီး
ထဲမှာကာရာအိုကေဆိုဖို့အတွက်လည်းရှိတယ် Mini Bar
လေးလည်းပါပြီး လူ၁၅ယောက်လောက်ဝိုင်းထိုင်လို့ရတဲ့
ဆိုဖာဆက်တီလည်းရှိတဲ့အပြင်
လောင်းကစားနဲ့ပတ်သက်တဲ့ပစ္စည်းမျိုးစုံ ပေါ့ပေါ့ပါးပါး
အ​ပျော်ကစားဖို့အတွက် ဥပမာ ဘိလိယက်ခုံလိုမျိုးအစုံကို
ပါတာမို့မငြီးငွေ့စတမ်းစိတ်ကြိုက်ကဲလို့ရ၏

ကင်ဆော့ဂျင်ဘာလုပ်နေသလဲဆို ဂျွန်ဂျောင်ဂုနဲ့
ဘိလိယက်ထိုးနေပါတယ် ကျန်တဲ့အုပ်စုကတော့
ဖဲဝိုင်းထောင်တဲ့အဖွဲ့နဲ့ သီချင်းဆိုတဲ့အုပ်စုနဲ့သူ့ဟာသူငြိမ့်နေ
ကြရော
ဆော့ဂျင် ဘောလုံးကိုကျင်းထဲဝင်အောင်သေချာချိန်ရင်း
ထိုးမယ်အလုပ်

" ဟိုမှာ မင်းလူကြီး!! "

" ဟေ "

ဇတ်ကနဲတုန်သွားပြီးလူကအာရုံလွတ်သွားတာမို့
ဘောလုံးကကျင်းထဲဝင်ဖို့ဝေးစွ နီးတောင်မနီးချော်ထွက်သွား
လေရဲ့...ဘာဖြစ်သွားမှန်းလဲကင်ဆော့ဂျင်နားလည်လိုက်
တာနဲ့တစ်ဖက်ကစပ်ဖြဲဖြဲဖြစ်​နေတဲ့ဂျွန်​ဂျောင်ဂုအား
ဘိလိယက်ခုံပေါ်ကဘောလုံးနဲ့ကောက်ပစ်ရင်း

" ဖာခ့်....စောက်ကျင့်လေးမယုတ်ရရင်စားမဝင်တော့
ဘူးလား "

" အေး..အခုမှပဲနေသာထိုင်သာရှိတော့တယ် "

" ဖာခ့်..."

" No...Thanks "

" တော်ပြီ မင်းလိုညစ်ပတ်တဲ့လူတေနဲ့မကစားဘူး "

" ငပြူးကများ ပြဲရတယ်ရှိသေး မင်းကမညစ်ရှာဘူးဆိုတော့
လေ "

Dear Uncle Joon Where stories live. Discover now