-- 2 --

935 112 109
                                    

#Zawgyi

ကင်ဆော့ဂျင်တို့အခုဆို အလုပ်ကြီးအကိုင်ကြီးရနေပြီ
အရင်ကဆိုကျောင်းပြေးပြီး ကားပြိုင်ရင်ပြိုင်
မဟုတ်ရင် ကွင်းထဲမှာကားရပ်ပြီး ဂိမ်းဆော့ရင်ဆော့
ရည်းစားနဲ့ဒိတ်လိုက် လျှောက်သွားရန်ဖြစ်လိုက်နဲ့
အခုတော့အဲ့လိုမဟုတ်တော့ဘူး

ကင်နမ်ဂျွန်းဆိုတဲ့ သူ့ရဲ့ဦး နောက် ပတ်ချောင်းနေရတာနဲ့
တင်မအားဘူး အဲ့လူကြီးက အသက်29နှစ်တဲ့လေ
မထင်ထားစရာ ငယ်ငယ်ရွယ်ရွယ်နဲ့ မတအားအောင်မြင်နေတယ်ပြောရမယ် ဟားဗတ်မှာစီးပွားရေးနဲ့ကျောင်းပြီးထားပြီး
PHDဘွဲ့တေလည်းရထားတာနည်းတာမဟုတ်!
စီးပွားရေး လောကမှာဆို ဘုရင်တစ်ပါးအလားသူ့ရဲ့လူကြီးကကြီးစိုးထားတာ Kingနဲ့လွတ်တဲ့ နေရာကိုမရှိတာ
သူ့ပါပါးတို့ company တောင်မှ King Groupနဲ့
ကင်းတာမဟုတ်!

အဲ့လိုမျိုးမတအားတေတော်နေတဲ့ လူတေဆိုကင်ဆော့ဂျင်ကသိပ်ကြည့်ရတာမဟုတ်ဘူး
ဒါမဲ့ အဲ့လူကြီးကြမှ ကြည့်မရမဖြစ်တဲ့အပြင်
စိတ်ထဲကနေကြိတ်ပြီး ဂုဏ်တေယူနေမိတာကြီးက ဘာ
အထာမှန်းကိုမသိတာ!

ကင်နမ်ဂျွန်း ဆိုတဲ့သူ့ရဲ့ ဦးအား တစ်လတိတိလိုက်ချောင်း
ပြီးနောက်သိလိုက်ရတာက အဲ့လူကြီးကမတအားဇီဇာ
ကြောင်တယ်ဆိုတာပဲ အမြဲအေးစက်စက် ခပ်တည်တည်နဲ့
မျက်နှာကြီးကရေခဲရိုက်ထားတဲ့အတိုင်း တောင့်တင်း
နေရော ပြီးရင်သူ့အသားကိုထိရင်မကြိုက်ဘူးတဲ့လေ
အပြင်သွားရင်လည်းနောက်မှာ ဘော်ဒီဂတ်ကား
ကြီးနဲ့ ကုမ္ပဏီထဲဝင်ဖို့ပြန်လည်း ဘော်ဒီဂတ်တေအပြည့်ချ
ထားတော့ ဆော့ဂျင်မယ်ဝင်မရ အပေါက်ကနေကားရပ်ပြီး
မျှော်တော်ယောင်ပဲလုပ်နိုင်တယ်!

ဒီနေ့တော့ ဆော့ဂျင်ကျောင်းလစ်လာပြီး ဘယ်မှမသွားပဲ
Cafeဆိုင်မှာ ဝင်ထိုင်နေလိုက်သည် သူ့လူကြီးဆီလည်း
မသွားဘူး ဘာလို့ဆို သွားလည်းတွေ့ရတာမှမဟုတ်တာ
အဲ့တော့ဒီနေ့တစ်ရက်တော့ နားရက်ယူလိုက်ဦးမယ်!

" မင်းဒီနေ့တကယ်ကြီး မင်းလူကြီးဆီမသွားတော့ဘူးပေါ့ "

" အေး ဒီနေ့တော့နားမယ်ကွာ မနက်ဖြန်မှပဲ "

Dear Uncle Joon Where stories live. Discover now