-- 5 --

826 98 44
                                    

#Zawgyi

King Group Reception မှဝန်ထမ်းတေဒီနေ့အတွက် ပန်းတေရောက်မလာသေးလို့စောင့်နေတဲ့အချိန်
ကုမ္ပဏီ ထဲကိုပန်းစည်းလေးကိုင်ပြီး ဝင်လာတဲ့ကောင်လေး
တစ်ယောက်ကြောင့်မျက်လုံးတေဘလင်းဘလင်းဖြစ်ကုန်
ရသည်

အနီရောင်နှင်းဆီပန်းစည်းကို လက်တစ်ဖက်ကကိုင်လို့
လွယ်အိတ်တစ်ခြမ်းစောင်းလွယ် lollipop​လေးငုံပြီး
ဘောင်းဘီအိတ်ကပ်ထဲလက်ထည့် ကာ အချေစိုက်နဲ့
မော်ချီပြီးဝင်ချလာပါသောအချောလေးက သူမတို့ရှေ့လည်း
ရောက်ရော

" ဟယ်လို မမချောချောတို့ ကင်နမ်ဂျွန်းရှိလား! "

" ရှင်?.... ဥ..ဥက္ကဋ္ဌ ကိုမေးတာလား? "
Reception မှာရှိတဲ့ မမတို့တင်မက ဘေးနားခပ်လှမ်း
လှမ်းမှာရပ်နေတဲ့ လုံခြုံရေးနဲ့မန်နေဂျာတေပါ ဆံပင်မွှေး
တေထောင်တက်ကုန်ရသည်....ဘုရားရေ ဥက္ကဌကိုတကယ်ကြီးနာမည်တပ်ခေါ်ရဲတယ်! ဒီကောင်လေးစောစောသေ
ချင်နေပုံပဲ !

" အင်း....ရှိလား "

" ဟုတ် ရှိပါတယ် ဒါမဲ့ဥက္ကဌနဲ့တွေ့ဖို့ဆို ချိန်းထားတာရှိမှ
ရမှာပါနော် ပန်းလာပို့ရုံပဲဆိုဒီမှာပဲထားခဲ့ရင်ရပါတယ် "

" နိုး....လူကိုယ်တိုင်လက်ထဲထည့်မှရမှာ "

" အဲ့လိုကြအဆင်မပြေဘူးလေနော် ဥက္ကဌနဲ့ကချိန်းထားတာရှိမှတွေ့လို့ရမှာပါ "

" အမ်း.....မမချောချောတို့ကလည်း စိတ်ချဘာပြသနာမှမ
ဖြစ်စေရဘူး နောက်ပြီးကျွန်တော်ဒီနေ့လာမှာကို သူသိ
တယ် "

အင်တင်တင်ဖြစ်နေတဲ့ ဝန်ထမ်းတေလည်းနောက်ဆုံးတော့
လည်းကင်ဆော့ဂျင်ရဲ့လေကြောနဲ့ချောမောမှုထဲမျောသွား
ပြီး ဝင်ခွင့်ပေးလိုက်ရတာပင်!
မြောက်ကြွမြောက်ကြွနဲ့ ပန်းစည်းကိုင်ပြီး ရုံးခန်းရှိရာအထပ်
ကိုတက်သွားတဲ့ ကင်ဆော့ဂျင် ရုံးခန်းရှေ့ရောက်တော့
အတွင်းရေးမှူးမချောချောလေးကိုတွေ့လိုက်ရတာကြောင့်
ကြည်လင်နေတဲ့ စိတ်လေးတေအနည်းငယ်နောက်သွား
ရသည်

" ဟမ့်...ဒီလူကြီးမတရားအကောင်းကြိုက်ပဲ! "

တားနေတဲ့ အတွင်းရေးမှူးကိုကျော်ပြီး ရုံးခန်းတံခါးဖွင့်ဝင်
လာတော့ အလုပ်လုပ်နေပါသော သူ့ရဲ့ဦး
ထုံးစံအတိုင်း မပြောင်းမလဲ Black suit နဲ့ ရွှေရောင်
မျက်မှန်တပ်လို့ ပုံသွင်းထားတဲ့ ဆံနွယ်တို့နဲ့ ချောမောနေပါ
သောအချစ်တုံးကြီး နောက်ကမှန်ကနေဖြာကျနေတဲ့
အလင်းရောင်တေကြောင့် ပိုလို့တောင်တောက်ပလင်းလက်နေတဲ့ အရှိန်အဝါတေနဲ့ ထိုလူကြီးကိုဆော့ဂျင်ငေးကနဲ
ပင် တံခါးဖွင့်သံကြောင့်ထင်ပ မော့ကြည့်လာပြီးသူ့ကိုမြင်
တော့ ပြောင်းလဲခြင်းမရှိတဲ့ မျက်နှာသေနဲ့

Dear Uncle Joon Where stories live. Discover now