ရထား၏ မှန်ပြတင်းပေါက်အား တဒေါက်ဒေါက်ခေါက်ရင်း တိတ်ဆိတ်နေပါသော အညိုရောင်ရပ်ဝန်းငယ်လေး ဂျင်။
ရုန်းထွက်ချင်နေပါသော ကျန်လက်တစ်ဖက်ကိုတော့ ကျနော် ဆုပ်ကိုင်ထားပါရဲ့။
"ဂျင်!!"
"......"
ကျနော့်ခေါ်သံကိုပင် သူလျစ်လျူရှုထားသည်။ တစ်ချက်မှပင်လှည့်မကြည့်လာခဲ့။ တရွေ့ရွေ့ဖြတ်သန်းသွားသောပတ်ဝန်းကျင်ကိုသာ မမှိတ်မသုန်ငေးကြည့်နေသည်။
"ခင်ဗျားရယ်... ကျနော့်ကိုစကားမပြောတော့ဘူးလားဗျာ!!"
ညှိုးငယ်လေသောမျက်နှာထားနှင့် သိမ်ငယ်သောအသံတို့ဖြင့်ဂျောင်ကုပြောလိုက်သည်။
ထိုအခါ မှန်ပေါ်တွငိ တဒေါက်ဒေါက်ခေါက်နေသော လက်ချောင်းလေးက ငြိမ်သက်သွားသည်။
ဂျောင်ကုရှိရာဘက်သို့ အကြည့်တို့ပိုလွှတ်လာခဲ့ပြီး မေးတစ်ချက်ငေါ့ပြလိုက်သည်။
"ကျနော့်ကို စကားမပြောတော့ဘူးလားလို့...ဟင်!!"
"......"
"ကျနော်မနေနိုင်တာကိုသိရက်နဲ့...ခင်ဗျားနေနိုင်
လိုက်တာဗျာ!!"အညိုရောင်လေး၏ လက်ဖဝါးနှစ်ခုလုံးအားဆုပ်ကိုင်လိုက်ရင်း ငြီးတွားသလိုပြောလိုက်သည်။
"ခင်ဗျားက မနေ့ကမေ့နေတာမလား!!"
ထိုစကားသည် ယနေ့အတွက် ပထမဆုံးသော စကားသံပင်ဖြစ်သည်။
"မဟုတ်ရပါဘူးဗျာ...ကျနော်တကယ်မအားလို့ပါ!!"
"အနည်းဆုံးတော့ဖုန်းခေါ်သင့်တယ်လေ!!"
ဂျောင်ကုလက်အတွင်းမှ သူ့လက်လေးအားရုန်းထွက်လိုက်ပြီးနောက် ဖုန်းကိုထောင်ပြလေသည်။
YOU ARE READING
My Vintage Man (Completed)♥
Fanfictionသူရှိတဲ့အရပ်က အညိုရောင်တွေဖုံးလွှမ်းနေတဲ့ vintage ရပ်ဝန်းငယ်