11 (Ending)

1.5K 220 86
                                    

ပြီးပြည့်စုံမှုလို့ ပြောတဲ့အခါ ကျနော်ခင်ဗျားကို လက်ညှိုးညွှန်ပြမယ်။
ခင်ဗျားက ကျနော့်ရဲ့ အရာရာပဲမို့။

~~~~~~~~~~~~~~~~~~~~~~

Malibu ကမ်းခြေနားက စပ်တူငှားထားတဲ့ အိမ်လေးထဲက ကွတ်ပျစ်ငယ်လေးထပ်မှာ ခြံဝကိုငေးရင်းထိုင်နေတဲ့ အညိုရောင်ရပ်ဝန်းငယ် ဂျင်။

မှိုင်းပြပြရာသီဥတုကြောင့် တိုက်ခတ်လာသောလေတို့သည် အစိုဓာတ်တို့လွင့်ပျံ့လျက်ရှိသည်။
လက်နှစ်ဖက်အားအနောက်သို့ထောက်ထားရင်း ခေါင်းမော့ကာ ငေးကြည့်နေလျက်ရှိသည်။

"ဂျင်!!"

ချစ်ရသူ၏ အမည်နာမအားခေါ်ဆိုရင်း အညိုရောင်ရပ်ဝန်းလေး ဂျင်ရဲ့ နောက်ကျောပြင်အား ပွေ့ဖက်လိုက်သည်။

အနောက်မှသိုင်း၍ပွေ့ဖက်လာသော ဂျောင်ကု၏လက်များကို ပြန်လည်ဆုပ်ကိုင်ရင်း ဂျောင်ကုမျက်နှာဘက်သို့ ခေါင်းလေးစောင်း၍ကြည့်လိုက်သည်။

ဂျောင်ကု၏နှုတ်ခမ်းပါးတို့က ဂျင့်ပါးပြင်သို့ထိကပ်သွားလျက်ပင်။
အနမ်းနုနုတို့ကို ပါးပြင်ထက်ခြွေချမိတော့ ချစ်ရသူဂျင်၏ နှုတ်ခမ်းထောင့်လေးများက ကွေးညွှတ်တတ်ရပြန်သည်။

ဂျင်ဟူသောအညိုရောင်ရပ်ဝန်းလေးက သူ့ကိုပြုံးပြနေသည်ပဲ။

ထို့နောက် အရှေ့သို့ပြန်လှည့်သွားပြီး ဖက်ထားသော ဂျောင်ကုလက်ကို ငုံ့ကြည့်လာသည်။
ဂျောင်ကု လက်သန်းကြွယ်ထက်ရှိ စိန်ပွင့်အသေးလေးပါသော ဆင်တူလက်စွပ်လေးအားကြည့်ပြီး နောက်တစ်ခါ ထပ်ပြုံးလာပြန်သည်။

လက်ဖဝါးနှစ်ခုကို ယှဥ်၍ ဂျင် သူ့လက်ချောင်းလေးရှိ လက်စွပ်လေးကိုထောင်ပြသည်။
ဂျောင်ကုလက်စွပ်လေးကိုတော့ အမြတ်တနိုးငုံ့နမ်းလိုက်သည်။

"အဲ့လောက်တောင် သဘောကျတာလား ဂျင်!!"

"အင်း..သဘောကျတယ်!!"

"....!!"

"လက်စွပ်ထက်...ခင်ဗျားကို!!"

"အဟင်း!!"

ဂျင်၏ အဖြေအား ဂျောင်ကု သဘောကျကာ ရယ်နေမိသည်။
တစ်ခါတစ်လေမှာ ဂျင်ဟူသောအညိုရောင်လူသားလေးက သူအတွက်အံ့အားသင့်စရာများလုပ်ပြတတ်သည်။

My Vintage Man (Completed)♥Where stories live. Discover now