ချစ်ခြင်းတစ်ခုရဲ့ စမှတ် ဆုံးမှတ်ကိုမေးတဲ့အခါ
ခင်ဗျားက စပြီး ခင်ဗျားမှာဆုံးတယ်~~~~~~~~~~~~~~~~~~~~~
ဒီကနေ့တော့ နေသာတဲ့နေ့လို့သတ်မှတ်လို့ရတယ်။
ချွေးလေးတွေစို့တဲ့အထိ အပူချိန်က ခပ်ဖြဖြရယ်။
ရှပ်အဖြူရောင်ကို ဘောင်းဘီအတိုနဲ့ဝတ်ထားတဲ့ကျနော်ရယ်... အညိုရောင်ရှပ်ကို ဘောင်းဘီအတိုနဲ့ဝတ်ထားတဲ့သူရယ်။အမှတ်မထင်တိုက်ဆိုင်မှုရယ်လားတော့မသိ အရောင်သာကွဲတာ ဆင်တူဝတ်ထားသလိုပင်။
ခြံထဲမှ စထွက်စဥ်ကတည်းက ဂျောင်ကုလက်အတွင်းမှ စက်ဘီး ကိုယူကာ
"ကျနော်နင်းမှာမို့ ခင်ဗျားအနောက်ကထိုင်ပြီးလိုက်ခဲ့!!"
"ဗျာ!!"
အင်း တစ်လုံးကလွဲပြီး စိတ်လိုလက်ရ ပြောသည်မှာရှားသည့်အပြင် ရက်ရက်ရောရောပေးသည့်ကမ်းလှမ်းချက်ကြောင့် အာမေဋိတ်သံများပင် ဂျောင်ကုထွက်လာရသည်။
"ဟို... ဓာတ်ပုံရိုက်ချင်မယ်ထင်လို့!!"
ဂျောင်ကု လည်ပင်းတွင်ချိတ်ထားသော ကင်မရာလေးအား မေးငေါ့ပြရင်း ဂျင်ဟူသောအညိုရောင်လေးမှဆိုလာသည်။
သဘောကျနေမိသူ၏ ဂရုတစိုက်အလေးပေးခြင်းခံရတဲ့အခါ ကမ္ဘာတစ်ခြမ်းလောက်ငြိမ်းချမ်းသွားသလိုပင်။
ဂျင့်ရဲ့နောက်ကျောပြင်လေးအားကြည့်ရင်း စက်ဘီးအနောက်ခုံတွင်လိုက်ပါလာသော ဂျောင်ကုသည် ဘေးပတ်ဝန်းကျင်အလှကိုတောင်မေ့လျော့နေဟန်။
ပထမဆုံးအကြိမ်ဆုံတွေ့ခြင်းမှာတင် ထိုအညိုရောင်လေး၏ အနောက်၌ကပ်ပါချင်ခဲ့သည်မဟုတ်လား။ အတည်တကျဆုမတောင်းဖြစ်လိုက်ပေမယ့် ပြည့်ခဲ့သည်မို့ ကောင်းကင်ကြီးအားမော့ကြည့်၍ပြုံးပြလိုက်မိသည်။
ကင်မရာလေးဖြင့် ထိုကျောပြင်ငယ်အားချိန်လိုက်ပြီး အမှတ်တရရပ်ဝန်းအဖြစ်သိမ်းထားလိုက်ပေသည်။
အနောက်မှထိုင်နေရင်း တွေ့သမျှ အလှအပတိုင်းကိုဂျောင်ကုဓာတ်ပုံရိုက်နေခဲ့သည်။
ထိုအထဲတွင် ဂျင့်ရဲ့ ပခုံးလေးမှကျော်၍မြင်ရသောမြင်ကွင်း...
ဂျင့်ရဲ့ လက်မောင်းအစွန်မှမြင်လိုက်ရသောမြင်ကွင်း
ဂျင့်လည်တိုင်ဘေးမှဖြတ်သွားသောမြင်ကွင်း
ဂျင့်ဆံစလေးတွေပျံ့လွင့်နေသောနေရာမှမြင်ကွင်း
စက်ဘီးတစ်ချက်နင်းတိုင်းမြင့်တတ်လာသော ခြေတံဖြူဖြူလေးနှင့်အတူ ဖြတ်သန်းလာခဲ့သော လမ်းမတွေ...
YOU ARE READING
My Vintage Man (Completed)♥
Fanfictionသူရှိတဲ့အရပ်က အညိုရောင်တွေဖုံးလွှမ်းနေတဲ့ vintage ရပ်ဝန်းငယ်