မနက်ဖြန်တိုင်းမှာ ဘာဖြစ်ချင်လဲလို့မေးလာခဲ့ရင်......
ခင်ဗျားကိုပဲ ချစ်နေချင်တယ်......~~~~~~~~~~~~~~~~~
အညိုရောင်မျက်ဝန်းတစ်စုံမှာ အကြင်နာရိပ်တို့ဖုံးလွှမ်းနေသော ကမ်းခြေမှစွန်လွှတ်နေသည့် အညိုရောင်လေး၏ ဓာတ်ပုံသည် ဧည့်ခန်းမတွင်
ထည်ထည်ဝါဝါနှင့်ရှိနေလေသည်။မိုးတိတ်စဖြစ်သဖြင့် တွဲလွဲခိုနေသောရေစက်လေးများမှာ တစ်ပေါက်တစ်ပေါက်စီသာ ကျနေတော့သည်။
ဧည့်ခန်းမ၏ဆိုဖာထက်တွင်ထိုင်နေသော အညိုရောင်ရပ်ဝန်းလေး၏ လက်ဖဝါးအား တဖူးဖူးမှုတ်ပေးရင်း ဆေးထည့်ပေးနေသောကောင်လေးလည်းရှိသည်။
"ဟင်း.......!!!"
သက်ပြင်းရှည်တစ်ချက် ကောင်လေးထံမှထွက်လာလျှင် အညိုရောင်လေး၏လက်ချောင်းလေးများသည် ဂျောင်ကု၏ပါးပြင်သို့ ညှင်သာစွာထိတွေ့လိုက်သည်။
First Aid Kit ကို ဘေးနားချ၍ ခြေချင်းဝတ်နားရှိဒဏ်ရာကိုလည်းဆေးထည့်ပေးပြန်သည်။
ဖြူသွယ်သွယ် ခြေတလုံးလေးအား ဖွဖွလေးပွတ်သတ်ပြီးနောက် အနမ်းတစ်ခုကိုခြွေချလိုက်သေးသည်။
"ဂျောင်ကု... ကျနော် မနေတတ်တော့ဘူး!!"
ဂျောင်ကုရဲ့ ပခုံးလေးအား အသာတွန်းကာ ခြေထောက်အားနမ်းနေသည်ကိုရပ်ခိုင်းလိုက်သည်။
"ခင်ဗျားရယ်!!"
မျက်ရည်တို့ရစ်ဝိုင်းနေသော မျက်ဝန်းများဖြင့် မော့ကြည့်လာလျှင် ဂျင့်ရင်ထဲမွန်းကြပ်သွားသည်။
"ကျနော် ဘာမှမဖြစ်ဘူးလေဗျာ!!"
လက်မလေးဖြင့် ဂျောင်ကုပါးပြင်သို့ပွတ်ပေးရင်း ချော့နေရသေးသည်။
"လက်မှာရော ခြေထောက်မှာရော...ပွန်းကုန်ပြီလေခင်ဗျားရယ်!!"
ခေါင်းလေးငိုက်စိုက်ကာ ပြောလာသော ဂျောင်ကုလေသံသည် ခပ်တိုးတိုးသာ။
"ချော်လဲတာပဲ ဒီလောက်တော့ရှိမှာပေါ့လို့!!"
ဂျောင်ကု၏ ဆံပင်တို့ကို ဖွလိုက်ပြီး ဂျင်ပြုံးပြလိုက်သည်။
ထိုအခါ ဂျင့် ခြေထောက်လေးအား နောက်တစ်ကြိမ် နမ်းရှိုက်ပြီးနောက် ဆေးဘူးများကိုသိမ်းယူကာထသွားလေသည်။
YOU ARE READING
My Vintage Man (Completed)♥
Fanfictionသူရှိတဲ့အရပ်က အညိုရောင်တွေဖုံးလွှမ်းနေတဲ့ vintage ရပ်ဝန်းငယ်