ရှောင်နျောင်နျောင် (နွေးထွေးမှုသေးသေးလေး)

440 27 5
                                    

ကုမင်ယန်က မျက်စိအစုံက်ုမှိတ်ကာ အတိတ်ကိုပြန်လည်ဖမ်းဆုပ်နေဟန်....

မျက်ဝန်းညိုတွေ...မျက်ဝန်းညိုတွေ ..
ထိုမျက်၀န်းများသည် မာရှောက်အို
၏မျက်၀န်းများနှင့်အလွန်ဆင်တူကြောင်း စစချင်းမှာပင်သူ သတိထားမိခဲ့ပါ၏။

ထိုကလေးလေးသည် သူ့ကိုငုံ့ကြည့်ကာ
"ကိုကို နေမကောင်းဘူးလား"ဟု ညင်သာစွာမေးလာသည်။

"ဟုတ်တယ်"

သူ့အသံသည် အက်ကွဲခြောက်သွေ့ကာ
ပြတ်တောင်းနေသော်လည်း ထိုကလေးလေးမှာ သူ့အနားသို့ပင်ပိုလို့တိုးကပ်လာပြီး
သူ၏လက်ဖဝါးလေးများနှင့် ကုမင်ယန်၏သွေးများပေကျံနေသည့် လက်ဖဝါးကိုကိုင်လာ၏။

"ကိုကို့ကို မာမာစီခေါ်သွားပေးမယ်လေ
မာမာက နေမကောင်းတာကိုပျောက်စေတယ်"

ထိုကလေးလေး၏ အသားအရေသည်
ကြေးညိုရောင်ရှိကာ ဆံပင်ခွေ အနက်လေးများရှိသည်ကိုသူမှတ်မိသည်။

"ရပါတယ်"

ကုမင်ယန်သည် ရေအနည်းငယ်သောက်လိုက်ရ၍ အားအင်ပြန်လည်ပြည့်ဖြိုးလာသလိုခံစားလိုက်ရသည်။ လက်ကျန်ရေအနည်းငယ်ကို သောက်ပြီးနောက် သူ့အားအင်များအတော်ပင် ရရှိလာတော့သည်။

"ကိုကို့ နာမည် ဘယ်သူလဲ"

"မင်ယန်"

"သမီးနာမည်က နျောင်နျောင်* "

ထိုအခါမှ ထိုကလေးသည်မိန်းကလေးတစ်ယောက်မှန်းသူသိတော့သည်။

"ကိုကိုဗိုက်ဆာနေလား "

ထိုကလေးလေးသည် အတော်ပင်စကားများသည်ဟု ကုမင်ယန်ခံစားမိသည်။
တကယ့်ကိုစကားများလှပေမဲ့ သူ့ထံမှနွေးထွေးမှုကိုခံစားနေရစဲဖြစ်သည်။

"အင်း"

ကလေးလေးသည်တစ်စုံတစ်ရာစဥ်းစားပြီးမှ
"ကိုကိုခနစောင့်"ဟုဆိုကာ ပြေးထွက်သွားလေသည်။ ထိုကလေးပြန်ရောက်မရောက်ကိုတော့ သူမသိခဲ့ပါချေ။

ပြေးသွားနေသောကလေးလေးကိုကြည့်ကာ
အနားယူရင်းစောင့်ရန် ကြိုးစားလိုက်သည်။
သို့သော်ကံတရားသည်ကားမျက်နှာသာမပေးခဲ့...သူ့အဖေ၏သက်တော်စောင့်များသူ့ကို မီလာကာ ဖမ်းခေါ်သွားလေတော့သည်။

You've reached the end of published parts.

⏰ Last updated: Feb 08 ⏰

Add this story to your Library to get notified about new parts!

ဒီရုပ်ဆိုးဆိုးမိန်းကလေးက Bossရဲ့အားနည်းချက်တဲ့လားWhere stories live. Discover now