မျက်လုံးဖြူဝံပုလွေကောင်

400 52 3
                                    

"ထောက်ပံ့ကြေးဟမ့်...... ရှင်ရဲ့ထောင်ဂဏန်းလောက်ထောက်ပံ့ကြေးလေးကို ကျွန်မကမက်မောတယ်များထင်နေတာလား။
ရှင်ရဲ့ လစဥ်ပို့နေတဲ့ ထောက်ပံ့ကြေးတွေ အိမ်ရှေ့က စာပုံးထဲမှာရှိတယ်။ အားရုံ သွားယူချေ..."

အားရုံသည် သူ၏မမရှောက်ပြောသည်နှင့် အပြေးကလေးသွားကာ အိမ်ရှေ့က စာပုံးထဲမှအိတ်တစ်ထပ်လိုက်ကြီးပိုယူလာတော့သည်။ ဤအိတ်များမှာ စုစုပေါင်း ၁၅ခုရှိနေပြီး နျန်ကျန်းရန်နှင့်သူမလမ်းခွဲပြီးချိန်ကစ၍ ယခုလအထိ သူပို့ထားသောငွေများပင်။

"ဒီမှာနျန်ကျန်းရန် ငါဆိုတဲ့မာရှောက်အိုက
ချစ်တဲ့နေရာမှာ သိပ်တော်သလောက်
လူကဲခတ်တဲ့နေရာမှာ သိပ်ညံ့ခဲ့တာပဲ။

ငါနင့်အတွက် ဘ၀ကြီးတစ်ခုလုံးကိုပါ ရင်းပေးခဲ့တယ်။ ငါ့ရဲ့ငယ်ရွယ်ချိန်ကနေ ငါ့ရဲ့မျက်လုံးနှစ်လုံးအထိ....

ငါပြန်ရခဲ့တာဘာရှိလဲ။
ငါနေမကောင်းတဲ့အချိန်မှာတောင် နင်စားချင်တဲ့ ၀က်သားဖက်ထုပ်ကိုလုပ်ပြီး မရမကလာပို့ခိုင်းတာမျိုးလား။ အေးခဲနေတဲ့ ဆောင်းရာသီမှာ တစ်ယောက်တည်းလမ်းဘေးမီးတိုင်အောက်မှာ စောင့်ရတဲ့အဖြစ်မျိုးလား။ နောက်ဆုံး ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းဆိုတဲ့မိန်းကလေးနဲ့ပေါင်းပြီး ငါ့နောက်ကျောကိုဓားနဲ့ထိုးခဲ့တာလား။ လုံလောက်နေပြီလေ

နင်နဲ့ပတ်သက်တဲ့ပျော်ရွှင်ခံစမှုမျိုး
ငါဘယ်နှခါရဖူးလဲ။ နင့်ကိုနင်ရောတွေးကြည့်ဖူးလား နင်ဆိုတဲ့နျန်ကျန်းရန် ငါ့ကိုဘယ်နှခါများ အစစ်အမှန်ပေးခဲ့ဖူးခဲဆိုတာ။
တော်လောက်ပြီ အခုကစပြီးငါ့ရှေ့မှာနင်တို့တွေထပ်ပေါ်မလာပါနဲ့တော့

ကြီးမြတ်လှတဲ့နိုင်ငံ့အမျိုးသားသရုပ်ဆောင်နဲ့ နိုင်ငံတကာ အလှမယ်တို့ရယ်! "

မာရှောက်အို၏လေသံမှာ တည်ငြိမ်ပြီးရေသေကဲ့သို့ရှိနေ၏။ သူမဒီလူ့အတွက်ခံစားချက်တွေ သေလို့သွားခဲ့လေပြီ။ ဒီလူဟာ
အထက်တန်းတက်စဥ်က တောက်တောက်ပပပြုံးပြခဲ့သည့်ကောင်လေးမဟုတ်တော့....
မိန်းမတစိယောက်ကို လှေကားလိုတွယ်တက်ခဲ့သည့် အမှိုက်သာသာလူပင်...

ဒီရုပ်ဆိုးဆိုးမိန်းကလေးက Bossရဲ့အားနည်းချက်တဲ့လားWhere stories live. Discover now