ပန်းပွင့်များနှင့်သူမ

625 63 0
                                    

"မင်းကမကောင်းဆိုးဝါး"

"မင်းက လူယုတ်မာ"

"ဂြိုလ်ဆိုးကောင်"

"သူနဲ့ဝေးဝေးနေ သူနဲ့နီးနီးနေတဲ့သူမှန်သမျှကို သူနဲ့အတူဆွဲချသွားမှာ.."

"နတ်ဆိုးနတ္ခတ်နဲ့ ယှဥ်ပြီးမွေးလာတဲ့သူလြိုလူမှာ ကောင်းဘယ်လိုလုပ်ရှိမှာလဲ"

စသည့်စသည့် မကောင်းသောမှတ်ချက်များသည်  သူမဆီကအဖြေတစ်ခုနှင့် သင်ပုန်းချေလိုက်သလိုပင်။ ထိုအရာများကသူ့အားထပ်မံနှောက်ယှက်ခြင်းမပြုနိုင်လောက်သည်အထိ သူ၏အတွင်းစိတ်၌
ငြိမ်းအေးမှုကိုခံစားလိုက်ရသည်။

"ရှင့်အတွက်ဆေး.."

သူမက လက်တစ်ဖက်ဆန့်ပြီးအထုပ်လေးများစွာပါသည့်အထုပ်တစ်ထုပ်ကမ်းပေးလာသည်။ သူမလက်၏လားရာသည် သူရှိသည့်နေရာနှင့်ဆန့်ကျင်ဘက်ဖြစ်နေပေမဲ့လည်းပေါ့....

"အိုး ကျေးဇူးပါ...."

သူဆေးထုပ်ကိုလှမ်းယူလိုက်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။

"ရှင်ဆေးအညွှန်းအတိုင်း သေချာဖတ်ပြီးသောက်လိုက်ပါ...ပတ်တီးလဲဖို့လည်း ကျွန်မထားပေးပြီးပြီ...ရှင်ဆေးရုံသွားဖို့မလိုတာ သေချာရဲ့လား"

သူမ၏အမေးတွင် သူ့ကိုယ်ထဲရေနွေးစီးကြောင်းလေးဖြတ်သွားသကဲ့သို့ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူ့ကိုစိတ်ပူစွာသတိမပေးတာ ဘယ်လောက်တောင်ကြာနေပြီလဲ။ လမ်းကြားထဲ၌ အဆာငတ်နေချိန် ဘယ်သူကသူ့ကိုစားသောက်စလာကျွေးလဲ။
ထိုးကြိတ်ခံနေရချိန်မှာ ဘယ်သူကများသူ့ကိုကာကွယ်ပေးခဲ့ဖူးလဲ။ ကန္တာရထဲ၌ အသက်လုနေရရင်တောင် သူ့ကိုပိုသန်မာဖို့ 'ဟူသည့်စကားတစ်ခွန်းနဲ့ လျစ်လျှူရှုခဲ့သည့် သူ့အဖေ

ဘာမှသွေးသားမတော်စပ်သည့်လူတစ်ယောက်ဆီက သနားညှာတာမှုက
သူ့အားဤမျှလောက်လှုပ်ခတ်စေသဖြင့်
ကိုယ့်ကိုယ်ကိုယ်ရှက်သွညးမိသည်။
သူကသိပ်ပြီး သနားစရာကောင်းနေပါရော့လား.....

"ကိုယ်အဆင်ပြေပါတယ်..."

သူမလေးအား သူဒီထက်ဆိုးရွားသည့်အခြေအနေ၌ပင် တစ်ယောက်တည်းဖြတ်သန်းဖူးကြောင်း ပြောပြမနေတော့ပါ။

ဒီရုပ်ဆိုးဆိုးမိန်းကလေးက Bossရဲ့အားနည်းချက်တဲ့လားWhere stories live. Discover now