🌸18🌸

3.6K 495 45
                                    

Unicode

//ဆည်းလည်းငယ်//

//တောင်ကြားထဲသို့ဝင်လုစဲ နေလုံးကြီးသည် ထိုနေ့အတွက် နောက်ဆုံးသော
လောကအလှများအား ရှုစားရင်း သတ္တဝါအပေါင်းအား
အိပ်တန်းဝင်ရန် သတိပေးနေသည်..။

ညှင်းသွဲ့သွဲ့လေညှင်းများသည်လည်း
ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်းများအား ယိမ်းနွဲ့ကာ ကကြိုးဆင်စေပြန်သည်..။
ပတ်ဝန်းကျင်ကား လိ‌မ္မော်ရောင်နှင့် နီညိုရောင်ရောကာရေးဆွဲထားသည့်
လှလှပပပန်းချီကားတစ်ချပ်သဖွယ်..။

ထို့ကြောင့်လည်း ဆည်းဆာများအနက်
ညနေဆည်းဆာသည်အလှဆုံးဟုဆိုကြခြင်းလည်းဖြစ်နိုင်သည်.။
ထိုသို့သော လှပသည့် ညနေခင်းသည်
မထင်မှတ်စွာပင် ရှင်းရဖြေရခက်မည့် ကြိုးထုံးတို့အား လှပစွာ ရစ်ထုံးပေးခဲ့ပြန်သည်~~//

         ************************

"ပါးပါး.."

သွားကျိုးလေးများနှင့် ဂျီမင့်အားရီပြကာ ပါးပါးဟုသာ ခေါ်နေသော ချစ်စရာကလေးငယ်လေးသည်
မည်သည့်နေရာမှရောက်လာပါသနည်း..?

"ဒီကိုဘယ်လိုဖြစ်ပြီးရောက်နေတာလဲ ကလေးလေး..
ကလေးလေးနာမည်ဘယ်လိုခေါ်လဲ.."

"ပါပါးးးခိ...ခိ.."

မေးသည်ကိုပြန်မဖြေပဲ ပါးပါးဟုသာခေါ်ကာ ‌ဂျီမင့်ဝတ်ရုံ၏ အောက်နားအား လက်ဖြင့်ဆွဲကာ
တခိခိရီနေပြန်လေသည်..။

"နာမည်ရှိလားကလေးလေး.."

ဝတ်ရုံအောက်စခြေစအားဆွဲနေသည့် ကလေးမလေးနှင့် အရပ်ညီနေရန် ဒူးကွေးကာ
ထိုင်ချလိုက်ပြီး လက်မလျော့တမ်းမေးခွန်း
ထပ်မေးကြည့်လိုက်သည်..။

"ပါးပါးးး ချီ..ချီ.."

မေး‌နေသည်ကိုမဖြေဘဲ ဂျီမင့်မျက်နှာလေးအား လက်လေးနှင့် ထိကြည့်ပြီး ချီခိုင်းနေပါသော
ကလေးလေးသည်
ပါးပါးဟူသောစာလုံးနှင့်
အခြားအနည်းငယ်သာပြောတတ်ပုံပေါ်သည်..။

အတင်းချီခိုင်းနေပါသော ပေါက်စကြောင့် ဂျီမင်ပွေ့ချီလိုက်ပြီး
သိချင်သည်များမေးနေသော်လည်း
ပါးပါးဟူသော စကားမှလွဲ၍ မကြားခဲ့ရ..။
သို့သော်ထူးဆန်းသည့်အခြေအနေတစ်ခုအား ဂျီမင်သတိမထားမိခဲ့ချေ..။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now