🌸12🌸

4.5K 652 239
                                    

Unicode

သို့သော်လည်း နာကျည်းမိသည်

ဖရိုဖရဲနိုင်သော နဂါးဝတ်ရုံတော်နှင့်အရှင်သည် လက်တစ်ဖက်တွင် ပန်းပွင့်နီငယ်လေးအား သေချာဆုတ်ကိုင်၍ မယ်တော်ကြီး၏အဆောင်မှ
ကမူးရူးတိုးထွက်လာခဲ့သည်..။

နေ့လည်ထဲက ယခုညနေခင်းအထိထိုင်သောက်နေသည်မို့ ရေချိန်လည်းအတော်ကိုက်နေပြီဆိုရမည်ပင်...။
ဘယ်လောက်ပင် ခြေလှမ်းယိုင်နေပါစေပန်းပွင့်နီလေး၏ လက်‌ကိုတော့ တင်းကြပ်စွာ ဆုတ်ကိုင်ထားသေးသည်....။

"ကျွန်တော်မျိုးလက်နာနေပြီအရှင်..!"

လက်ဖဝါးအကြီးကြီးထဲတွင်ဆုတ်ကိုင်ခံထားရသည့် လက်သေးသေးလေးပိုင်ရှင်၏ ‌ခပ်အေးအေး ခက်ပြက်ပြက်စကားသံလေး..။
သူလေးကတော့ အေးဆေးပြောလိုက်သော်လည်း စိတ်အပူလွန်တဲ့အရှင်ကတော့ ကမန်းကတမ်း လက်လေးကို လွှတ်ပြီးမှ အသာလေး ပြန်ကိုင်ယူကြည့်သည်..။

"တောင်းပန်ပါတယ်ခလေးငယ်...ကိုယ်စိတ်လောသွားတယ်..."

"ရပါတယ်အရှင်...လာခေါ်ပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်.."

ကျေးဇူးအများကြီးတင်ပါတယ်ဆိုသည့် ဘာမှမဟုတ်တဲ့စကားလေးကြားရုံနှင့် အမူးသမားကြီးသည် ဟီးခနဲရီပြကာ သဘောတကျ ဖြစ်နေပြန်သည်။ 

လိပ်ပြာတွေက ပန်းတွေကိုသဘောကျတယ်တဲ့...
ဒါပေမဲ့ထူဆန်းတယ်...
လိပ်ပြာမဟုတ်တဲ့အရှင် က ဘာကြောင့် ဒီပန်းပွင့်လေးကို နစ်နစ်နဲနဲလှိုက်လှိုက်လှဲလှဲ ကို သဘောကျနေမှန်းမသိ..။
အပြုအမူလေးတစ်ခုကအစ မြတ်နိုးနေတာမျိုး...
ပွင့်ဖတ်လေးတစ်ခုကအစ ချစ်နေရတာမျိုး အရောင်လေးတစ်ခုကအစ အသည်းလှိုက်အောင် တန်ဖိုးထားနေမိတာမျိုး...။

သိပ်ချစ်တတ်လွန်းခဲ့တဲ့ ပန်းပွင့်ငယ်လေးကို လူအများက ချီးမွန်းဩဘာပြုကြသည်လေ...
ဒါပေမဲ့ အရှင့်အချစ်ဆိုတာကြတော့ရော..?
ဒါပေါ့ ပန်းပွင့်လေးနည်းတူ‌ချစ်ပေးတဲ့ အရှင့်ရဲ့အချစ်က မကြည့်တတ်ကြလို့ပါ..ကြည့်တတ်မယ်ဆို တနင့်တပိုးကြီး...။

"ညနေတောင်အတော်စောင်းနေပြီအရှင်...ကျွန်တော့်ကိုသွားခွင့်ပြုပါဦး..."

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now