🌸11🌸

4.6K 707 150
                                    

Unicode

//မိဖုရာခေါင်ငယ်လေး၏ပထမဆုံးခြေလှမ်း//

အချစ်ဆိုတာအရာကို
ကိုးကွယ်ခဲ့တာမှ ရူးရူးသွပ်သွပ်ရယ်ပါ..။
လေပြည်လေးတွေတစ်ခါတိုက်ခတ်တိုင်း ပတ်ခ်ဂျီမင်ဆိုတဲ့ ပန်းလေးကြွေကျသွားမှာ စိုးတာမျိုး..။
မိုးရေတွေတစ်ခါထိတိုင်း ပတ်ခ်ဂျီမင်ဆိုတဲ့ပန်းလေး ထိခိုက်သွားမှာကြောက်တာမျိုး..။
ရွံ့ဗွက်အိုင်တွေ တွေ့တိုင်းပန်းငယ်လေး စွန်းထင်းသွားမှာ ကြောက်တာမျိုး
ဆိုတာက
ဟိုး..ဟိုးအရင်ထဲကအရှင်ရဲ့ ရင်ထဲက စိုးရိမ် ပူပန်မှုတွေ...။

ဖြူစင်လွန်းတဲ့ အပြုံးလေးတစ်ခုနဲ့တင် အရှင့်ရဲ့ကမ္ဘာကြီး
ပြီးပြည့်စုံခဲ့တာ.......
အချစ်ဆိုတဲ့အရာကို
ပန်းပွင့်ငယ်လေးနဲ့မှ သိရှိခဲ့ပြီး ပန်းပွင့်ငယ်လေးနဲ့မှ ချစ်တတ်သွားတာမျိုးကြောင့်...
အဖြူရောင်လေး မစွန်းထင်းရေးဆိုတာထက် မကြွေလွှင့်ဖို့ အရှင် အသည်းအသန် ကာကွယ်ရဖို့ကြိုးစားခဲ့တာ..။

မေတ္တာဆိုတဲ့အရာက အရှင့်အတွက်ငယ်စဉ်ထဲကရှားလွန်းခဲ့တယ်...။
စကားပင်သေချာမပြောတတ်သေးသည့် အရွယ်ကပင် သေဆုံးသွားသော မယ်တော်နှင့် တိုင်းပြည်ရေးတွေကြား ဗြာများနေခဲ့တဲ့ ခမည်တော်....။

ဂရုစိုက်မှုဆိုတာ လိုချင်လွန်းတာကြောင့် မိထွေးတော်ဖြစ်တဲ့ ယခုလက်ရှိမယ်တော်ကြီးဆီက ဂရုစိုက်ခံရဖို့ဆိုတာ အရှင်ငယ်လေးရဲ့ အိမ်မက်သေးသေးလေး..။

ဘယ်လောက်ငြိုငြင်ပါစေ ဘယ်လောက်ဆူပူပါစေ
မယ်တော်ကကောင်းစေချင်လို့ပြောတာဆိုတဲ့
စိတ်လေးနဲ့တင် စိတ်မကွက်ရက်ပဲ ခပ်ပြုံးပြုံးပဲ အဆူခံပေးခဲ့တာမျိုး...။

သူသိတာပေါ့...
ချစ်ရသူ ခလေးငယ်လေးကိုနန်းတော်ဆီခေါ်လာတော့ မကျေနပ်တဲ့ မယ်တော့်ရဲ့ အရိပ်အယောင်တွေ...။
သူပထမဆုံးအကြိမ် လျစ်လျူရှု့ခဲ့တာလေ...။
အိမ်ရှေ့စံဘဝထဲကချစ်ခင်ခဲ့ရတဲ့ ပန်းပွင့်ငယ်လေးကို ဘုရင်အဖြစ်ဆက်ခံနိုင်ချိန်မှာ နန်းတော်ကိုခေါ်လာခဲ့ရတာ...။
အို..ကန့်ကွက်လိုက်ကြတာပေါ့...

ရှင်ဘုရင်ဆိုတဲ့အာဏာကိုသုံးပြီး အားလုံးကိုပါးစပ်ပိတ်စေခဲ့တဲ့ အကြောင်းအရင်းက မင်ငယ်...။
ပထမဆုံးအကြိမ် အာဏာသုံးဖူးခြင်းလို့ဆိုရမယ်..။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now