Chapter 54(Uni)

7.9K 830 46
                                    

Chapter 54.ဖူ့ရှီဝိန် ကားတိုက်ခံရတယ်

" ကော....ကျနော့်ကိုစောင့်ပါဉီး..ကျနော်လိုက်လို့မမှီနိုင်တော့ဘူး "

ခုနစ်နှစ်သို့မဟုတ်ရှစ်နှစ်သာရှိသေးသောကလေးငယ်လေးအားကြည့်ရင်းထိုလူငယ်လေးတစ်ခုကရပ်သွားကြ၏
"မင်းဆက်မလိုက်နိုင်ရင်မလိုက်နဲ့...ငါတို့ကအခုမှငယ်ငယ်လေးပဲရှိသေးတာကိုမင်းကငါ့ဇနီးတစ်ယောက်လိုလာတွယ်ကပ်နေတယ်.."

" ဟေ့ကောင်လေး..မင်းဖူ့ရှီဝိန်ရဲ့ဇနီးဖြစ်ချင်တာလား..မင်းကြီးလာရင်သူ့ဇနီးဖြစ်ချင်တာလား "

နုနုနယ်နယ်မျက်နှာလေးနှင့်နို့ရည်ကဲ့သို့ဖြူဖွေးနေ
သည့်အသားအရေလေးကိုပိုင်ဆိုင်ထားကာစိန်တုံးလေးကဲ့သို့ဝိုင်းစက်တောက်ပနေသောအနက်ရောင်မျက်လုံးများဖြင့်
" ကောရဲ့ဇနီးလုပ်လို့ရလား " ဟုဖြူဖြူစင်စင်လေးမေးနေ၏

" ရတယ် "

ကလေးငယ်လေး၏မျက်တောင်ရှည်ရှည်လေးများကပုတ်ခတ်ပုတ်ခတ်လုပ်နေကာ
" ဒါဆိုကျနော်က ကျနော့်ယောက္ခရဲ့ချွေးမလေးလုပ်ရမှာပေါ့နော် " ဟုလေးလေးနက်နက်လေးပြန်မေးနေပြန်၏

နှစ်စက္ကန့်မျှငြိမ်သက်သွားပြီးနောက်တွင်တော့တစ်စုံတစ်ယောက်ကမထိန်းနိုင်တော့စွာရယ်ချလိုက်သဖြင့်အားလုံးကလည်းလိုက်ရယ်တော့သည်
ဆယ်ကျော်သက်လူငယ်လေးတစ်စုကပျော်ပျော်ရွှင်ရွှင်နှင့်ရယ်မောကာထိုကလေးငယ်လေးအားလက်ပိုက်လျက်ကြည့်နေကြ၏

လင်ကျီတောက်က " *ဖူကုံ* မင်း ဒီသေးသေးလေးကိုသတို့သမီးအဖြစ်မခေါ်သွားချင်ဘူးလား...သူ့ကိုကြည့်..ဘယ်လောက်တောင်လှလိုက်တဲ့ကလေးလေးလဲ..သူကြီးလာတဲ့အခါကျရင်ဘယ်လောက်တောင်လှလိုက်မလဲနော် "

[傅 - ဖူ( ဖူ့ရှီဝိန်ရဲ့ဖူ)--狗 - ကုံ( ခွေး)...傅狗 - ဖူခွေးကောင် ]

ဖူ့ရှီဝိန်ကစိတ်ပျက်သည့်အကြည့်တစ်ချက်ပေးလိုက်ကာသူ့ခြေထောက်အားလှမ်းကန်လိုက်သည်..သူကန်ပြီးသွားခါမှပျင်းပျင်းရိရိလေသံဖြင့်
" ထွက်သွားစမ်းပါ "

သူ ကလေးလေး၏အနားသို့လျှောက်လာ၏
ကလေးငယ်လေးကအလွန်ပင်မောပန်းနေသဖြင့်အသက်ရှူကြပ်နေကာမျက်နှာလေးကလည်းအလွန်အမင်းပင်နီမြန်းနေပါ၏...

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now