Chapter 68(Uni)

7.9K 970 104
                                    

ဖူ့ရှီဝိန်အားတစ်ဖန်ပြန်တွေ့မိသွားခြင်း


ပါတီပွဲသို့ဖူ့ရှီဝိန်ရောက်သွားသည့်အချိန်တွင်တော့ ချောင်ချုံးတျယ် ကသူ့အားနွေးထွေးစွာပွေ့ဖက်လာသည်။
(E/N: ချောင် - တံတား,ချုံး - ဆောင်းဉီး, တျယ် - လိပ်ပြာ)
(အသံထွက်တွေကိုအနီးစပ်ဆုံးယူထားခြင်းသာ)

" အကြီးဆုံးတူလေး..မတွေ့ရတာကြာပြီနော် "

" မွေးနေ့မှာပျော်ရွှင်ပါစေ*အဒေါ်*...အသက်ဆယ့်ရှစ်နှစ်လိုမျိုးအစဉ်အမြဲနုပျိုလှပနေပါစေ "
( 表姑妈-ဒီအဒေါ် က အဖေဘက်ကအမျိုးပါ )

ဖူ့ရှီဝိန်က ဆုတောင်းစကားများနှင့်လက်ဆောင်များကိုပေးလိုက်၏။ချောင်ချုံးတျယ် သည်၎င်းတို့ကိုအားရဝမ်းသာလက်ခံလိုက်ပြီး တစ်စုံတစ်ခုအားသတိရသွားဟန်ဖြင့်ဖူ့ရှီဝိန်၏ဘေးဘက်နားသို့ ဘယ်ညာကြည့်လိုက်ကာ

" ဝေး...ဘာလို့အန်းချိန်က မင်းနဲ့အတူမလိုက်လာတာလဲ "

" ကျနော်တစ်ယောက်တည်းပဲလာခဲ့တာ "
သူ့အသံကအနည်းငယ်စိတ်လွင့်နေပုံပေါက်နေ၏။

ချောင်ချုံးတျယ်က ဖူ့ရှီဝိန် ၏လက်ပေါ်ရှိလက်စွပ်အားမြင်လိုက်ရပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်ကသူမ ကြားခဲ့ရသည့်အကြောင်းကိုသတိရမိသွားတာကြောင့် ပြုံးပြုံးရွှင်ရွှင်နှင့်မေးလိုက်သည်။

" အာ..မင်းရဲ့မားက မင်းနဲ့အန်းချိန်ကို ချိတ်ဆက်ပေးဖို့ဆက်သွယ်လာခဲ့သေးတယ်..ငါတောင်အဲ့ဒီအကြောင်းကိုနားထောင်ရတာအရမ်းငြီးငွေ့နေပြီ..သူ ကမင်းနဲ့အန်းချိန်ရဲ့ကိစ္စကိုအမြန်စီစဉ်ပေးလိုက်ရင် မင်းရဲ့စိတ်ပြန့်နေတာတွေပြန်ကောင်းလာမယ်လို့ထင်နေတယ်လေ..ဒါနဲ့ မင်းရဲ့မားက ဘာလို့အဲ့လောက်ဖြစ်ပျက်နေရတာလဲ "
(ဘာလို့အဲ့လောက်ထိလက်ထပ်ပေးချင်နေရတာလဲ)

မစ္စလန်က ဖူ့ရှီဝိန် အားလက်ထပ်ဖို့ တိုက်တွန်းခဲ့သည်မှာ တစ်နှစ် နှစ်နှစ်ပင်မကတော့ပေ။

အထူးသဖြင့် မစ္စလန်သည် မကြာသေးမီကတွေ့ဆုံခဲ့ရသည့်အနာဂတ်ဟောတမ်းပြန်သည့်ဆရာ(ဗေဒင်ဆရာ)၏ ' ဖူ့ရှီဝိန် တွင်အကြီးမားဆုံးကပ်ဘေးကြီးတစ်ခုပေါ်ပေါက်လိမ့်မည် ' ဟူသည့်ဟောတမ်းမှတစ်ဆင့် ' ၎င်းကပ်ဘေးကြီးအား အိမ်ထောင်ပြုခြင်းဖြင့်ချေဖျက်ရမည် ' ဟူသည့်တစ်ခုတည်းသောနည်းလမ်းကြောင့် သူမ ကသူတို့နှစ်ဉီးအားလက်ထပ်ပေးဖို့ရန် ပိုမို၍ပင်စိတ်အားထက်သန်လာခဲ့လေသည်။

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Nơi câu chuyện tồn tại. Hãy khám phá bây giờ