Chapter 50( Uni)

7.7K 759 9
                                    

Chapter.50 .ထွက်သွားဖို့အချိန်ကျပြီ

ပင်လယ်ကမ်းခြေရှုခင်းကအလွန်တရာမှလှပလှသည်

အန်းချိန်ကသူပြောသလိုမဟုတ်ဘဲရေထဲတွင်သူ၏ပုံသဏ္ဍာန်မှာအလွန်ပင်ဆွဲဆောင်မှုရှိလှသည်
လင်းယွီကမူအမှန်တစ်ကယ်ရေမကူးတတ်ပေ

သူကရေထဲသို့မဆင်းတော့ပဲရေကန်ဘေးရှိကုလားထိုင်ပေါ်တွင်သာငြိမ်သက်စွာထိုင်ကာအချို့သောအရာများကိုတွေးတော်နေလိုက်၏

အန်းချိန်သည်ရေကန်ထဲတွင်ရေကူးနေရာမှ
အနည်းငယ်ပင်ပန်းလာတာကြောင့်ထိုအထဲမှထွက်လာကာလင်းယွီ၏နံဘေးရှိကုလားထိုင်တွင်ဝင်ထိုင်လိုက်သည်

သူက သူ၏ခြေထောက်များကိုနှိပ်နေရင်းမှ
" ငါရေမကူးတာကြာလို့လားမသိဘူး..ခြေထောက်တွေကနာနေတယ်...ဒါနဲ့အားယွီ..မင်းဘာလို့ရေထဲမဆင်းတာလဲ..ရေထဲမှာစိမ်ရတာအရမ်းနေလို့ကောင်းတယ် "

လင်းယွီကပြုံးပြီးခေါင်းခါပြလိုက်သည်

အန်းချိန်ကလည်းစကားကိုအများကြီးမပြောတော့ဘဲနေကာခရင်မ်ကိုသာအာရုံစိုက်လိုက်၏
သူထိုဘူးအားလင်းယွီထံသို့ကမ်းပေးလိုက်ကာ
" အားယွီ...ငါ့ကိုနေကာခရင်မ်လေးလိမ်းပေးလို့ရမလား...ငါနောက်ကျောကိုမမှီလို့လေ "

" ကောင်းပြီ "
လင်းယွီကခေါင်းညိတ်လိုက်ပြီးနေရောင်ကာခရင်မ်ကိုယူလိုက်သည်

အန်းချိန်က ကုလားထိုင်ပေါ်မှောက်ရက်လှဲချလိုက်ပြီးလင်းယွီ၏အကြောင်းကိုမေးရန်စလိုက်၏

" အားယွီကဘာအလုပ်လုပ်တာလဲ "

" ကျနော်ကမူလတန်းကျောင်းက ကလေးတွေရဲ့အိမ်စာတွေကိုဂိုက်လုပ်ပေးတာ "

" ဒါကစိတ်ဝင်စားစရာပဲနော် "

အန်းချိန်ကလင်းယွီ၏ဗိုက်အားမသိမသာနှင့်တစ်ချက်ကြည့်ပြီးပြုံးကာပြောလိုက်သည်
" ငါက ကလေးလေးတွေကိုအရမ်းသဘောကျတယ်
အားယွီ မင်းကော ကလေးတွေကိုသဘောကျလား "

လင်းယွီကထိုအကြောင်းမပြောချင်သော်လည်းပေါ့ပေါ့ပါးပါးပါးဖြစ်ဟန်ဆောင်ကာပြောလိုက်သည်
" သဘောကျတယ် "

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now